မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်တို့သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲပြုလုပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်တို့သမိုင်းဝင်ထိပ်သီးတွေ့ဆုံပွဲပြုလုပ်
Published 27 April 2018

Photo: AFP

အမှတ်သညာဖြင့် သရုပ်ဖော်မှုပြည့်နှက်နေသော အမူအရာဖြင့် နိုင်ငံနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်ရေးအရ နယ်နိမိတ်ကန့်သတ်ထားသော မျဉ်းပေါ်တွင် လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်းတို့သည် ဧပြီ၂၇ ရက်တွင် သမိုင်းဝင်ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပခဲ့ကြသည်။

လွန်ခဲ့သော ၆၅နှစ်ကျော်က ကိုရီးယားစစ်ပွဲသည် နှစ်နိုင်ငံစစ်ဆိုင်းမှု ဖြင့် ပြီးဆုံးသွားခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးခြေချသော မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်စေသည့် ကင်ဂျုံအန်းက ကွန်ကရက်အဆောက်အအုံကြီးထဲက လှမ်းထွက်လာသည့်အခါ ပြုံးနေသောမွန်က “ခင်ဗျားကိုတွေ့ရတာ ဝမ်းသာပါတယ်”ဟုပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအတွက် ပန်မွန်ဂျွမ်း ငြိမ်းချမ်းရေးရွာ၏တောင်ဘက်ပိုင်းတွင်ရှိသော ငြိမ်းချမ်းရေး အိမ်တော်အဆောက်အအုံကို လမ်းလျှောက်မသွားခင် ကင်၏ ကမန်းကတန်း ဖိတ်ခေါ်မှုကြောင့် သူတို့နှစ်ဦးသည် မြောက်ကိုရီးယားနိုင်ငံထဲသို့လက်ဆွဲ၍ ခဏဖြတ်သန်းခဲ့ကြသည်။ ယခု ထိပ်သီးဆွေးနွေးပွဲသည် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမှုရပ်ဆိုင်းခဲ့သည့် ၁၉၅၃ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက်ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ဖြစ်သည်။

အစည်းအဝေး စတင်ချိန်တွင် ကင်သည်စိတ်လှုပ်ရှားမှု လွှမ်းနေခဲ့သည်ဟု ကင်ကမွန်အား ပြောကြားခဲ့သည်။

“သမိုင်းသစ်ရဲ့ လက်တစ်ကမ်းအကွာမှာ စမှတ်တစ်ခု အချက်ပြတာကိုပေးပို့ဖို့ဆုံးဖြတ်ပြီး ကျွန်တော်ဒီနေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။”ဟု သူကပြောကြားခဲ့ပြီး ပွင့်လင်း၊ လေးနက်၍ ရိုးသားသော စိတ်သဘောထားကို ကတိပြုခဲ့သည်။

မြောက်ကိုရီးယား၏အနုမြူလက်နက်အကြောင်း အလေးထားဆွေးနွေးခြင်းနှင့်အတူ မိမိတို့က ကိုရီးယားပြည်သူတစ်ရပ်လုံးနှင့် ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများကို လက်ဆောင်ကြီးကြီးပေးနိုင်စေရန်မိမိတို့သည် ရဲရင့်ပြတ်သားသော သဘောတူညီချက်ရရှိလိမ့်မည်ဟု မွန်တုံ့ပြန်ခဲ့သည်။

ကင်နှင့်အတူ ညီမ ၊ အနီးကပ်အကြံပေး ကင်ယိုဂျူံနှင့်မြောက်ကိုရီးယား၏ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးအကြီးအကဲတို့ တက်ရောက်ခဲ့ကြပြီး မွန်နှင့်အတူ မွန်၏ထောက်လှမ်းရေးမှူးချုပ် နှင့် စစ်ဦးစီးချုပ်တို့လိုက်ပါခဲ့ကြသည်။

Most Read

Most Recent