အီဂျစ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတစီစီက ဒုတိယမြောက်သက်တမ်းအတွက် ရွေးကောက်ခံရ

အီဂျစ်သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတစီစီက ဒုတိယမြောက်သက်တမ်းအတွက် ရွေးကောက်ခံရ
Published 31 March 2018

မတ် ၁၄ ရက်က ကိုင်ရိုရှိ လမ်းတစ်လမ်းတွင် သမ္မတ စီစီ၏ မဲဆွယ်ပိုစတာတစ်ခုကို တွေ့ရစဉ် (Photo: AFP)

အီဂျစ်လက်ရှိသမ္မတအဗ္ဗဒယ်ဖာတာ အယ်စီစီသည် မတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ သော ရွေးကောက်ပွဲအကြိုရလဒ်များအရ ထောက်ခံမဲ ၉၆ ဒသမ ၉  ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒုတိယမြောက် သက်တမ်းအတွက် ရွေးကောက်ခံခဲ့ရကြောင်း သိရသည်။

မဲပေးရန် မှတ်ပုံတင်ထားသူ သန်း ၆၀ အနက် ၂၅ သန်း သို့မဟုတ် ၄၂ ဒသမ ၀၈ ရာခိုင်နှုန်းက မတ် ၂၈ ရက်တွင် ပြီးဆုံးခဲ့သော သုံးရက်ကြာရွေးကောက်ပွဲ၌ မဲလာ ထည့်ခဲ့ကြကြောင်း အစိုးရသတင်းစာ Al-Ahram က ဖော်ပြခဲ့သည်။ မဲပေးသူ ၂၃ သန်းက စီစီ ကို မဲပေးခဲ့ကြောင်း သိရသည်။ အခြားသတင်းစာ Akhbarel Youm က စီစီသည် ထောက်ခံမဲ ၂၁ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ၎င်း၏တစ်ဦးတည်းသော ပြိုင်ဘက် မူဆာမိုစတာဖာက ထောက်ခံမဲ ၇၂၁၀၀၀၊ ၃ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ပယ်မဲအရေအတွက်ကိုမူ မထုတ်ပြန်ခဲ့ပေ။ Al-Ahram သတင်းစာက လူ ၂၃ သန်းက ခိုင်လုံမဲပေးခဲ့ ကြောင်း၊ နှစ်သန်းက ပယ်မဲဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

စီစီအား ထောက်ခံသူပင်ဖြစ်ပြီး ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးရက်မတိုင်မီ အချိန်ကပ်၍ မှတ်ပုံတင်ခဲ့သည့်

မူဆာက ၎င်းသည် ရှုံးနိမ့်ခဲ့ကြောင်း မတ် ၂၈ ရက်ညတွင် ရုပ်သံတစ်ခုသို့ ဝန်ခံပြောကြားခဲ့ပြီး သူသည် ထောက်ခံမဲ ၁၀ ရာခိုင်နှုန်း ရရှိရန် မျှော်လင့်ခဲ့ကြောင်း ဆိုခဲ့သည်။

အခြားအင်အားကောင်းသော ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများသည် ထိန်းသိမ်းခံခဲ့ရခြင်း သို့မဟုတ် နုတ်ထွက်ခဲ့ခြင်းတို့ကြောင့် ထိုရွေးကောက်ပွဲ၌ မပါဝင်ခဲ့ပေ။

၂၀၁၃ ခုနှစ်တွင် ဧရာမလူထုဆန္ဒပြမှုများ ဖြစ်ပွားခဲ့အပြီး အစ္စလာမ္မစ်သမ္မတမိုဟာ မက်မော်စီအား ရာထူးမှဖြုတ်ချခဲ့သည့် စစ် ဦးစီးချုပ်ဟောင်းဖြစ်သည့် စီစီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၉၆ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ ထို ရွေးကောက်ပွဲတွင် မဲလာထည့်သူ အရေအတွက်သည် ၄၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ယခုနှစ်ရွေးကောက်ပွဲတွင် မဲလာထည့်ကြရန် ဝန်ကြီးချုပ်ရှရစ်အစ္စမေးက တိုက်တွန်းခဲ့ သော်လည်း မဲလာထည့်သူအရေအတွက် ရာခိုင်နှုန်း ၄၀ ကျော်သာရှိခဲ့သည်။ ရွေးကောက် ပွဲတွင် မဲမပေးရန် ခိုင်လုံသောအကြောင်းပြ ချက် မပြနိုင်သူသည် ငွေဒဏ် အီဂျစ်ပေါင် ၅၀၀ (၂၂ ယူရို) ချမှတ်ခံရနိုင်ဟု ရွေးကောက် ပွဲကော်မရှင်က သတိပေးခဲ့သည်။

ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲသည် ဟန်ပြဖြစ်သည်ဟုဆို ကာ သပိတ်မှောက်ကြရန် အတိုက်အခံအဖွဲ့ များက လှုံ့ဆော်ခဲ့သည်။ ထို့ပြင် သမ္မတ လောင်းများ၏စကားစစ်ထိုးပွဲများကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိဘဲ စီစီသည် အခမ်းအနားအချို့ တက်ရောက်ခဲ့သော်လည်း တရားဝင် မဲဆွယ်သည့်အခမ်းအနားများကိုမူ မတက်ရောက်ခဲ့ပေ။

စီစီသည် လူထုထောက်ခံမှုရရှိနေဆဲ ဖြစ်သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများက ကြိုဆိုသည့် တင်းကျပ်သောစီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် စတင်ခဲ့ရာ ပြည်တွင်း၌ ထောက်ခံမှုကို ထိခိုက်စေခဲ့သည်။