တိုင်းမ်မဂ္ဂဇင်းကထုတ်ပြန်သည့် အွန်လိုင်း၌ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅ ဦးစာရင်းတွင် BTS အဖွဲ့ပါဝင်

တိုင်းမ်မဂ္ဂဇင်းကထုတ်ပြန်သည့် အွန်လိုင်း၌ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅ ဦးစာရင်းတွင် BTS အဖွဲ့ပါဝင်
Published 30 June 2018

တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ်အတွက် အွန်လိုင်း၌ သြဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅ ဦးစာရင်း၌ ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS ပါဝင်ခဲ့သည်။

လူမှုမီဒီယာတွင် ကမ္ဘာတစ်ဝန်းအကျိုးသက်ရောက်မှုနှင့် သတင်းဖြစ်ပေါ်မှုအရည်အချင်းတို့ကို အခြေခံသည့် အဆိုပါစာရင်းကို တိုင်းမ်မဂ္ဂဇင်းက ဇွန် ၂၈ ရက်တွင် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

BTS အဖွဲ့သည် နောက်ဆုံးဖြန့်ချိထားသည့် Lvoe Yourself: Tear အယ်လ်ဘမ်ဖြင့် Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် ၁ နေရာ၌ ဖော်ပြခံရမှုနှင့်အတူ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့မှုအတွက်  အဆိုပါ စာရင်းတွင် ဖော်ပြခံခဲ့ရခြင်းဖြစ်သည်။  ယင်း အောင်မြင်မှုနောက်ကွယ်တွင် BTS အဖွဲ့၏  အားကောင်းသည့်အမာခံပရိသတ်လည်း ပါဝင်ခဲ့သည်။

BTS အဖွဲ့သည် Billboard ၏ Social ၅၀ စာရင်း၏ ထိပ်တန်းနေရာတွင် သီတင်းပတ် ၉၀ နီးပါးဖော်ပြခံခဲ့ရပြီး Billboard ဂီတ ဆုပေးပွဲတွင် Top Social Artist ဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့သည်။

တိုင်းမ်မဂ္ဂဇင်း၏ အဆိုပါစာရင်းတွင်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ပေါ့ပ်အဆိုတော် ရီဟားနား၊ ရက်ပ်အဆိုတော် ကာနေးဝက်စ်၊ ဂျပန်ဟာသသရုပ်ဆောင် နာအိုမီတာတာနာဘီနှင့် စာသင်ကျောင်းတွင် ကြောက်မက်ဖွယ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေနတ်ကိုင်ဆောင်မှုပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးခဲ့သည့် ဖလော်ရီဒါပြည်နယ်၊  Parkland အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ခဲ့သည်။