တွမ်ခရုဇ်က Mission : Imposible - Fallout ဇာတ်ကား ဈေးကွက်မြှင့်တင်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်

တွမ်ခရုဇ်က Mission : Imposible - Fallout ဇာတ်ကား ဈေးကွက်မြှင့်တင်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်
Published 23 June 2018

ဟောလိဝုဒ် သရုပ်ဆောင်တွမ်ခရုဇ်က ၎င်း၏ဇာတ်ကားသစ်  Mission : Imposible - Fallout  အတွက် ဈေးကွက်မြှင့်တင်ရန် ဇူလိုင်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည်ဟု Lotte Entertainment က ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သူလျှိုအက်ရှင်ဇာတ်ကား  Mission : Imposible  ၏ ဆဋ္ဌမမြောက်ဖြစ်သော  Mission : Imposible - Fallout  ဇာတ်ကား ဖြန့်ချိရန် တစ်ပတ်ကျော်အလို ဇူလိုင် ၁၆ ရက်တွင် တွမ်ခရုဇ်က ဆိုးလ်သို့ရောက်ရှိမည်ဟု Lotte Entertainment က ထုတ်ပြန်ခဲ့သည်။ ယခင်ဖြန့်ချိခဲ့သည့် Mission : Imposible  ဇာတ်ကားငါးကားသည် စုစုပေါင်း ဝင်ငွေ ဒေါ်လာ  ၂ ဒသမ ၇ ဘီလျံ ရရှိခဲ့သည်။

ဒါရိုက်တာ Christopher McQuarrie ရိုက်ကူးပြီး တွမ်ခရုဇ်၊ ဆိုင်မွန်ပက်၊ ရေဗက်ကာ ဖာဂူဆန်၊ ရှောင်ဟားရစ်၊ Ving Rhames ၊ Monaghan နှင့် Alec Baldwin တို့ ပါဝင်သည့် ယင်းဇာတ်ကားကို ကိုရီးယားနိုင်ငံ၌ ဇူလိုင် ၂၅ ရက်တွင် ဖြန့်ချိမည်ဖြစ်ပြီး နိုင်ငံတကာတွင် ဇူလိုင် ၂၇ ရက်မှသာ ဖြန့်ချိမည်ဖြစ်သည်။ ယင်းဇာတ်ကားတွင် Ethan Hunt (တွမ်ခရုဇ်) ၏ ဘ၀ နောက်ကြောင်းများ ပိုမိုပါဝင်မည်ဟု Mc Quarrie က ပြောကြားခဲ့သည်။

Mission : Imposible - Fallout ဇာတ်ကားအတွက် လေယာဉ်ပေါ်မှ ငါးမိုင်ခန့် အလွတ်ခုန်ဆင်းသည့် အန္တရာယ်များသော ဇာတ်ဝင်ခန်းကို ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သည်ဟု  အသက် ၅၅ နှစ်အရွယ်ရှိ ခရုဇ်က ယခုလအစောပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ခရုဇ်သည် ပြီးခဲ့သည့်နှစ်တွင်လည်း Mission : Imposible - Fallout ဇာတ်ကားအတွက် အဆောက်အအုံနှစ်ခုအကြား ခုန်ချသည့် ဇာတ်ဝင်ခန်းရိုက်ကူးစဉ် ခြေချင်းဝတ် ကျိုးခဲ့သည်။

ယခုခရီးစဉ်သည် ခရုဇ်က တောင်ကိုရီးယားနိုင်ငံသို့ ကိုးကြိမ်မြောက် သွားရောက်မှုဖြစ်သည်။

Most Read

Most Recent