သရုပ်ဆောင်ခင်ဝင့်ဝါ၏ ပရဟိတအလှူအဖြစ် Golden Heart Animals Rescue Yangon တွင် သွားရောက်လှူဒါန်း

သရုပ်ဆောင်ခင်ဝင့်ဝါ၏ ပရဟိတအလှူအဖြစ် Golden Heart Animals Rescue Yangon တွင် သွားရောက်လှူဒါန်း
Published 30 November 2017

သရုပ်ဆောင်ခင်ဝင့်ဝါ၏ ပရဟိတအလှူအဖြစ် Golden Heart Animals Rescue Yangon တွင် နိုဝင်ဘာလ ၂၈ ရက် ကသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ Golden Heart Animals Rescue Yangon တွင် ခွေးအကောင် ၃၉၀ ဝန်းကျင်နှင့် ကြောင် ၇၅ ကောင်ဝန်းကျင်ရှိကာ အဆိုပါ တိရစ္ဆာန်များအတွက် အစားအသောက်နှင့်ငွေကြေးများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညီမက တိရစ္ဆာန်လေးတွေကိုချစ်လည်း ချစ်တယ်။ သနားလည်းသနားတယ်။ အဲဒီနေရာလေးအကြောင်း ကြားကတည်းက သွားလှူချင်တာပါ။ အခုအားလပ်တာနဲ့ သွားလှူဖြစ်သွားတာပါ။ ခွေးလေးတွေရော၊ ကြောင်လေးတွေရောအများကြီးပါပဲ။ သူတို့လေးတွေကို ကိုယ်တိုင်အစာကျွေးတယ်။ သူတို့အတွက် ငွေကြေးလှူဒါန်းတယ်။ အလှူရှင်လည်းနည်း တဲ့အခါကျတော့ စိတ်လည်းမကောင်းဘူး။ တခြားသော စေတနာရှင်တွေလည်း သွားရောက်လှူဒါန်းဖို့ တိုက်တွန်းချင်ပါတယ်။ သူတို့လေးတွေက ညီမတို့လို လှူဒါန်းသူတွေများမှပဲ အဆင်ပြေကြမှာလေ။ ညီမလှူဒါန်းမှုအတွက်လည်း ပရိသတ်အားလုံးသာဓု ခေါ်ဆိုနိုင်မှာပါ” ဟု သရုပ်ဆောင် ခင်ဝင့်ဝါက ဆိုသည်။

သရုပ်ဆောင်ခင်ဝင့်ဝါသည် လတ်တလောတွင် ကြော်ငြာရိုက်ကူးခြင်း၊ ပွဲတက်ခြင်းများ ပြုလုပ်ရန်သာရှိပြီး ဒီဇင်ဘာ ၅ ရက်တွင်လည်း ကြော်ငြာရိုက်ကူးရန် လက်ခံထားကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်းတွင် သရုပ်ဆောင်ခင်ဝင့်ဝါသည် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန်လက်ခံထားကြောင်း သိရသည်။ ၂၀၁၈ နှစ်ဆန်းပိုင်းအတွင်းလည်း သရုပ်ဆောင်ခင်ဝင့်ဝါပါဝင် သရုပ်ဆောင်ထားသည့် ဇာတ်ကားများရုံ တင်ပြသရန်ရှိကြောင်း သိရသည်။

Most Read

Most Recent