ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ

ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ အများကြီးဆက်လုပ်သွားဖို့ရှိတဲ့ Mဆိုင်းလူရဲ့ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ
Published 28 July 2017

မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်ရေစီးကြောင်းက အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေခဲ့သလို ထိပ်တန်းမော်ဒယ်လ်များစွာကလည်း အနုပညာဖန်တီးမှု ကိုယ်စီနဲ့ ရပ်တည်လို့နေကြပါတယ်။

မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်လာချိန်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် ကူးပြောင်းသွားကြသူတွေ များပြားသလို ပရော်ဖက်ရှင်နယ် မော်ဒယ်လ်အနေနဲ့သာ သီးခြားရပ်တည်သူတွေလည်း ရှိနေကြပြန်ပါတယ်။

ပရော်ဖက်ရှင်နယ်ထိပ်တန်း မော်ဒယ်လ်တစ်ဦးအနေနဲ့ ပရိသတ်ချစ်ခင် လက်ခံမှုရရှိထားပြီး အပြုံးချိုချိုတွေကို ပိုင်ဆိုင်ထားသူမော်ဒယ်လ် Mဆိုင်းလူရဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။

မော်ဒယ်လ် Mဆိုင်းလူကို မြစ်ကြီးနားမြို့မှာ ဦးဘရန်ဒီ၊ ဒေါ်ဟွမ်နုတို့ ကမွေးဖွားခဲ့ကြပြီး မောင်နှမလေးဦးရှိတဲ့ အနက်အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။

အစ်ကိုသုံးယောက်နဲ့အတူ ကြီးပြင်းလာခဲ့သူဖြစ်ပြီး ငယ်စဉ်ဘဝရဲ့ အမှတ်တရမှာတော့ သူငယ်တန်းကျောင်းသူဘဝမှာ အစ်ကိုများ ကျောင်းပြေးတဲ့နောက်ကို လိုက်သွားခဲ့ဖူးတာပါလို့ ပွင့်ပွင့်လင်းလင်း ရယ်မောပြောဆိုခဲ့ပါတယ်။