အမြန်လမ်း မိုင်တိုင် (၂၉၆) အနီးတွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ဆည်မြောင်းဒုဦးစီးမှူး သေဆုံး

အမြန်လမ်း မိုင်တိုင် (၂၉၆) အနီးတွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ဆည်မြောင်းဒုဦးစီးမှူး သေဆုံး
Published 8 September 2017

ရန်ကုန်- မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၉၆)၊ အနီးတွင် ဆိုင်ကယ်တစ်စီး တိမ်းမှောက်ခဲ့ရာ ဆည်မြောင်းဒုဦးစီးမှူး သေဆုံးပြီး အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မလှိုင်မြို့နယ် ဒုဦးစီးမှူး ဦးမြမင်းအသက် (၄၀) မောင်းနှင်ပြီး အမြန်လမ်းရဲစခန်းမှ ဒုတပ်ကြပ် သက်နောင်ထွန်း အသက်(၃၀)တို့ စီးနင်းလာသော ၄၈ ယ/--- ဆိုင်ကယ်သည် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ အမြန်လမ်းဘေး မြေသားလမ်းအတိုင်း စီးနင်းနေစဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၂၉၆) အနီးအရောက်တွင် တိမ်းမှောက်ခဲ့ရာ ဦးမြမင်း အသက် (၄၀) မှာ နေရာတွင် သေဆုံးခဲ့ပြီး ဒုတပ်ကြပ်သက်နောင်ထွန်း အသက် (၃၀) မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသနေရကြောင်း သိရသည်။

“ဒဏ်ရာအခြေအနေက ဆိုးနေလို့ မိတ္ထီလာဆေးရုံကနေ မန္တလေးဆေးရုံလွှဲဖို့ လုပ်နေတယ်။ ဆည်မြောင်းကလူကတော့ ဆုံးသွားပြီ” ဟု သီးကုန်းရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။