အောင်လံတွင် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ တစ်ဦးအား အမျိုးသားတစ်ဦးက သားမယား ပြုကျင့်မှုဖြစ်ပွား

အောင်လံတွင် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ တစ်ဦးအား အမျိုးသားတစ်ဦးက သားမယား ပြုကျင့်မှုဖြစ်ပွား
Published 27 January 2018

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် မကျည်းကုန်း ရပ်ကွက်တွင် အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူတစ်ဦးအား တစ်ရပ်ကွက်တည်းနေ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းက အောင်လံမြို့ မကျည်းကုန်ရပ်ကွက်နေ ဒေါ်..... သည် သမီးဖြစ်သူ (၁၃) နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူကို တစ်ရပ်ကွက်တည်းနေသူ မစန်းစန်းယုထံသို့ စုကြေးငွေပိုက်ဆံအား သွားရောက် တောင်းယူခိုင်းရာ ၁၅ မိနစ်ကြာသည်အထိ နေအိမ်သို့ ပြန်ရောက်မလာသောကြောင့် သားဖြစ်သူနှင့်အတူ လိုက်လံရှာဖွေရာ တိုးချဲ့ ၂ လမ်းနေ မသူဇာနှင့် မခိုင်အေးသွယ်တို့ကို တွေ့ရှိသဖြင့် သမီးဖြစ်သူအား မြင်မိသလားလို့ မေးမြန်းရာ တစ်ရပ်ကွက်တည်းနေသူ ကုလား (ခ) ကြည်လှိုင်က လက်ဆွဲခေါ်သွားကြောင်း ပြောသဖြင့် ကြည်လှိုင်ဆိုသူ၏ နေအိမ်သို သွားရောက်ရှာဖွေခဲ့ရာ ကြည်လှိုင်က ခေါ်သွားခြင်း မရှိကြောင်း ငြင်းဆိုသဖြင့် ၎င်း၏နေအိမ်ပေါ်သို့ တက်ရောက်ရှာဖွေရာ သမီးဖြစ်သူအား တွေ့ရှိခဲ့ပြီး သမီးဖြစ်သူအား မေးမြန်းရာမှ ကြည်လှိုင်က သမီးဖြစ်သူအား ၎င်း၏အိမ်သို့ လက်ဆွဲခေါ်သွားပြီး အိမ်ပေါ်အရောက်တွင် ချစ်ကြိုက်ကြောင်း ပြောဆိုကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ခဲ့သည်ဟု ပြောပြခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကာယကံရှင်၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို သားမယားအဖြစ် ပြုကျင့်ခဲ့သူ ကြည်လှိုင်အား အရေးယူပေးရန် အောင်လံမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး အောင်လံမြို့နယ် ရဲစခန်းမှ ကြည်လှိုင်အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။