တပ်မတော်သားများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ သုံးစွဲရာတွင် လုံခြုံရေးမကျိုးပေါက်စေရန်၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်သားများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ သုံးစွဲရာတွင် လုံခြုံရေးမကျိုးပေါက်စေရန်၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 8 April 2018

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တပ်မတော်သားများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ သုံးစွဲရာတွင် လုံခြုံရေးမကျိုးပေါက်စေရန်၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိစ္စအား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဧပြီ ၇ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဗထူးတပ်နယ်နှင့် လွိုင်ကော်တပ်နယ်တို့အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သိသင့်သိထိုက်သော ကိစ္စရပ်များနှင့် စဉ်ဆက်မပြတ် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ စစ်သည်တော် ကျင့်ဝတ်အပါး ၆၀ အား လိုက်နာကျင့်သုံး၍ ညီညွတ်မျှတသော အုပ်ချုပ်မှုဖြင့် တပ်တွင်းစည်းလုံးညီညွှတ်မှုကို ပိုမိုကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်အား ခေတ်မီတပ်မတော် (Standard Army) တည်ဆောက်ရာတွင် လိုအပ်သည့်တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြင့်မားစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့်လုပ်ငန်းများနှင့် စစ်သည်များ၏ ပညာရည်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြည်သူ့စစ်မဟာဗျူဟာကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လေ့ကျင့်သားပြည့်ဝသော စစ်သည်၊ ရဲမေများဖြစ်လာစေရေး လေ့ကျင့်ရန်လိုအပ်သည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။

ထို့ပြင် တပ်မိသားစုများ သက်သာချောင်ချိရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို အထိုက်အလျောက် သက်သာစေမည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုကွန်ရက်စာမျက်နှာများ သုံးစွဲရာတွင် လုံခြုံရေးဆိုင်ရာ မကျိုးပေါက်စေရေး သတိပြုဆင်ခြင်စောင့်ထိန်းရမည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်သစ် မှောင်ခိုလုပ်ငန်းများတွင် စစ်သည်၊ မိသားစုဝင်များ ပါဝင်ပတ်သက်မှုမရှိစေရေး ဆိုင်ရာကိစ္စရပ်များအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

Most Read

Most Recent