ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးမင်းအောင်အား တာဝန်မှရပ်စဲ

ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဌာနဝန်ကြီး ဦးမင်းအောင်အား တာဝန်မှရပ်စဲ
Published 19 January 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းအောင်အား တာဝန်မှရပ်စဲကြောင်း ဇန်နဝါရီ ၁၈ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက ယနေ့ (ဇန်နဝါရီ ၁၉) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဋ္ဌာန်းချက်များအရ ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent