ဂျပန်ကလပ် နီဂါတာအသင်း ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၈ အသင်းကို အနိုင်ယူ

ဂျပန်ကလပ် နီဂါတာအသင်း ခြေစမ်းပွဲတွင် မြန်မာ ယူ-၁၈ အသင်းကို အနိုင်ယူ
နီဂါတာအသင်း၏ ဂိုးသွင်းရန်ကြိုးပမ်းမှုကို မြန်မာ ယူ-၁၈ အသင်း ဖျက်ထုတ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
နီဂါတာအသင်း၏ ဂိုးသွင်းရန်ကြိုးပမ်းမှုကို မြန်မာ ယူ-၁၈ အသင်း ဖျက်ထုတ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 7 March 2019

 

    စင်ကာပူလိဂ်တွင် ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်းနှင့် မြန်မာ ယူ-၁၈ အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ နီဂါတာအသင်းက (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

    မြန်မာ ယူ-၁၈ အသင်းသည် နည်းပြသစ် ဦးစိုးမြတ်မင်းလက်ထက် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး အတွေ့အကြုံပိုင်းနှင့် ဘောလုံးပညာထူးချွန်သည့်ကစားသမားများဖြင့် ဖွဲ့စည်းထားသော နီဂါတာအသင်းကို ယှဉ်မကစားနိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၈ အသင်းသည် မိနစ် (၃၀) အထိ ကစားပုံပျက်နေပြီး နောက်ပိုင်းမှသာ အပြန်အလှန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ နီဂါတာအသင်းအတွက် ဂိုးများကို (၁၄) မိနစ်တွင် ဟိုရီကိုရှီ၊ (၂၇၊ ၇၉) မိနစ်တွင် ကာမာတာတို့က သွင်းယူပြီး မြန်မာ ယူ-၁၈ အသင်းအတွက် ချေပဂိုးကို (၈၆) မိနစ်တွင် သူရအောင်က သွင်းယူခဲ့သည်။ နီဂါတာအသင်းသည် စင်ကာပူလိဂ်တွင် နောက်ဆုံးသုံးရာသီဆက်တိုက် ဗိုလ်စွဲထားသည့်အသင်းလည်းဖြစ်သည်။



    နီဂါတာအသင်းသည် ဒုတိယခြေစမ်းပွဲအဖြစ် မတ် (၉) ရက်တွင် မြန်မာ ယူ-၂၂ အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

Most Read

Most Recent