ဆန်ချိုကို ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ

ဆန်ချိုကို ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ
Photo: Jadon Sancho
Photo: Jadon Sancho
Published 11 June 2024

မန်ယူအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ဒေါ့မွန်အသင်းထံ အငှားချခဲ့သည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ယခုနွေရာသီတွင် ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

ဆန်ချို(၂၄ နှစ်)သည် နည်းပြ တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့သဖြင့် အသင်းဟောင်း ဒေ့ါမွန်ထံ အငှားသွားရောက်ကစားခဲ့ခြင်းဖြစ်ပြီး တန်ဟက်ဂ် ဆက်ရှိနေပါက မန်ယူအသင်းထံ ပြန်မလာလိုတော့ကြောင်း သတင်းထွက်ခဲ့သည်။

သို့သော် ယခုအခါ မန်ယူအသင်းတာဝန်ရှိသူများက မည်သည့်နည်းပြ တာဝန်ယူသည်ဖြစ်စေ ၎င်းကို ရောင်းထုတ်ပစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)ဟု သတ်မှတ်ထားကြောင်း BBC က ဖော်ပြခဲ့သည်။

Most Read

Most Recent