တောင်ကိုရီးယားအဆိုတော်၊ သရုပ်ဆောင် ပက်ယိုးချန် (မစ် ကီယိုးချန်)၏ မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားမှုကို ထပ်မံရွှေ့ဆိုင်းခဲ့သည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့မှ အဆိုတော် ပက်ယိုးချန်က မင်္ဂလာပွဲနှင့်ပတ်သက်သည့် ကောလာဟလများကို ဇူလိုင်က အတည်ပြုခဲ့သည်။ ယင်းသို့ အတည်ပြုခဲ့ပြီးနောက် ၎င်း၏ မင်္ဂလာပွဲကို စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပမည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ ယခုအခါတွင် ယိုးချန်က မင်္ဂလာပွဲကို စက်တင်ဘာ ၂၀ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်ဆိုသော သတင်းများထွက်ရှိခဲ့သည်။
“ရက်အတိအကျကို အခုထိမသတ်မှတ်ရသေးပါဘူး။ ပက်ယိုးချန် ကိုယ်တိုင်ကလည်း လုံးဝကို အတည်မပြုသေးဘူး“ ဟု C- Jes Entertainment က ထုတ်ပြန်ခဲ့သည်။
ယိုးချန်၏ ဇနီးလောင်းဖြစ်သည့် အသက် ၂၈ နှစ်အရွယ်ရှိ Hwang Hana သည် နို့ထွက်ပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီ ထူထောင်သူ Namyang ၏ မြေးဖြစ်သည်။
သြဂုတ် ၂၅ ရက်တွင် စစ်မှုတာဝန်ထမ်းဆောင်မှု ပြီးဆုံးခဲ့သည့် အသက် ၃၁ နှစ်အရွယ်ရှိ ပက်ယိုးချန်က ၎င်း၏ ဘဝနှင့်ပတ်သက်သည့် အတိတ်အကြောင်းများကို ပြန်လည်သုံးသပ်စဉ်းစားမည်ဟု ပရိသတ်များကို ပြောကြားခဲ့သည်။ ယိုးချန်သည် ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာအလုပ်များကို တဖြည်းဖြည်းချင်း စဉ်းစားမည်ဟု ၎င်း၏ အေဂျင်စီ CJ Entertainment က ထုတ်ပြန်ခဲ့သည်။
ပက်ယိုးချန်သည် စစ်မှုထမ်းနေသည့်ကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယင်းစွဲ ချက်များအတွက် ၎င်းတွင် အပြစ်မရှိဟု တရားရုံးက စီရင်ချက်ချခဲ့သည်။
Miss Ripley ၊ Rooftop Prince၊ Missing You ၊ Three Days နှင့် The Girl Who Sees Smells စသည့်ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့သည့် ယိုးချန်က စက်တင်ဘာ ၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ထားသည်။