တူယှဉ်တွဲပြီး ပျံဝဲမယ် (Life)

တူယှဉ်တွဲပြီး ပျံဝဲမယ် (Life)
Photo : X
Photo : X
Published 3 June 2025
WY

မန်စီးတီးအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ကတော့ ဘောလုံးထက် အချစ်ကို ပိုအာရုံစိုက်နေပြီလားလို့ ယူဆချင်စရာတောင် ဖြစ်လာပါတယ်။ ဗြိတိန်ရုပ်သံတင်ဆက်သူ မာယာဂျာမားနဲ့ ကြည်နူးပျော်ပါးနေတဲ့သတင်းတွေကိုပဲ အခု နောက်ပိုင်းမှာ တောက်လျှောက်မြင်တွေ့ကြားသိနေရတာကြောင့်ပါ။

မန်စီးတီးအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ကတော့ ဘောလုံးထက် အချစ်ကို ပိုအာရုံစိုက်နေပြီလားလို့ ယူဆချင်စရာတောင် ဖြစ်လာပါတယ်။ ဗြိတိန်ရုပ်သံတင်ဆက်သူ မာယာဂျာမားနဲ့ ကြည်နူးပျော်ပါးနေတဲ့သတင်းတွေကိုပဲ အခု နောက်ပိုင်းမှာ တောက်လျှောက်မြင်တွေ့ကြားသိနေရတာကြောင့်ပါ။

ဘောလုံးရာသီ ပြီးဆုံးသွားပြီဖြစ်တဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ ရူဘင်ဒီယက်စ်နဲ့ မာယာဂျာမားတို့ အီတလီက Amalfi ပင်လယ်ကမ်းခြေကို အပန်းဖြေခရီး သွားရောက်ခဲ့ကြပါတယ်။ အဲဒီခရီးမှာပဲ သူတို့နှစ်ဦးရဲ့ စုံတွဲပုံကို တရားဝင်ချပြပြီး ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ဦး ချစ်နေကြ၊ တွဲနေကြပြီဆိုတာ ပရိသတ်တွေက သိထားပြီးသားဖြစ်နေကြပါပြီ။ ဒီလိုသိအောင်လည်း သူတို့က စောင်းပါးရိပ်ခြည်ဆိုသလို မျိုးဖော်ပြမှုတွေ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း ပါပါရာဇီတွေက လက်ကလွတ်အောင်ပြေးခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးရာမှာ သူတို့နှစ်ဦးအတူရှိနေကြ ကြောင်း သွယ်ဝိုက်အသိပေးခဲ့ပါသေးတယ်။ အခု နောက်ဆုံးချပြလိုက်တဲ့ စုံတွဲပုံတွေကတော့ ချစ်သူတွေအဖြစ် ယုယစွာ၊ ကြင်နာစွာအတူရှိနေကြကြောင်း အတိအလင်းဖော်ပြလိုက်ခြင်းလို့ပဲ ဆိုရမှာပါ။ ရူဘင်ဒီယက်စ်နဲ့ မာယာဂျာမားတို့ ချစ်သူတွေ ဖြစ်နေကြပြီဆိုတာကို ငြင်းလို့ မရနိုင်တော့တဲ့ သက်သေပြချက်တွေလို့လည်း ဆိုနိုင်ပါတယ်။ ဘာကြောင့် အခုလို တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ပြီး အသိပေးနေတာလဲဆိုရင်တော့ အနာဂတ်ကောင်းကင်မှာ တူယှဉ်တွဲပြီး ပျံဝဲဖို့ ဆုံးဖြတ်ထားပြီးလို့ပဲ ဖြစ်ပါလိမ့်မယ်။

ဘောလုံးရာသီ ပြီးဆုံးပြီဆိုပေမဲ့ မကြာခင်မှာ ရူဘင်ဒီယက်စ်က မန်စီးတီးအသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲရတော့မှာဖြစ်သလို၊ မာယာ ဂျာမားကလည်း Love Island ရုပ်သံအစီအစဉ် ရိုက်ကူးရတော့မှာပါ။ ဒါကြောင့်လည်း ရတဲ့အားလပ်ချိန်လေးမှာ အပြေးအလွှားနဲ့ ရင်ခုန်သံတွေ ဖလှယ်ခဲ့ကြတာလည်း ဖြစ်ပါလိမ့်မယ်။

Most Read

Most Recent