ဆန်ချိုရဲ့ အချစ်ရေးပဟေဠိ (Life)

ဆန်ချိုရဲ့ အချစ်ရေးပဟေဠိ (Life)
Photo : X
Photo : X
Published 3 June 2025
WY

ဆန်ချိုကတော့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအပြီး အောင်ပွဲခံရာမှာ ပရိသတ်တွေကို သို့လောသို့လောဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဆန်ချိုက ဖုန်းကို ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့ရာမှာ သူ့ဖုန်းရဲ့ မျက်နှာ ပြင်မှာ အမေရိကန်ရက်ပါမလေး ဆဝီးတီးရဲ့ ပုံကို  မြင်တွေ့ခဲ့ကြရတာကြောင့်ပါပဲ။ ဒီတော့ ပရိသတ်တွေက သူတို့ ချစ်ကျွမ်းဝင်နေတာကြောင့်သာ ဆန်ချိုအနေနဲ့ ဆဝီးတီးရဲ့ပုံကို ဖုန်းမျက်နှာပြင်မှာ နေရာပေးထားခြင်းဖြစ်လိမ့်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ပတ်သက်မှုကလည်း ဒီနှစ်အစောပိုင်းမှာ ရှိခဲ့ဖူးတယ်လေ။

ဆန်ချိုက ၂၀၂၁ နွေရာသီမှာ ဒေါ့မွန်ကနေ မန်ယူအသင်းကို ပေါင်(၇၃)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိခဲ့သူဖြစ်ပြီး ပထမ(၂)ရာသီမှာ အသင်းအတွက် ခြေစွမ်းပြခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ စက်တင်ဘာမှာ နည်းပြ တန်ဟက်ဂ်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် ၂၀၂၄ ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားချခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာလည်း ချယ်လ်ဆီးအသင်းဆီ အငှားချခံခဲ့ရပါတယ်။ မန်ယူမှာ ဖလားလက်မဲ့ဖြစ်မယ့် အခြေအနေကနေ ချယ်လ်ဆီးမှာ ကွန်းဖရန့်လိဂ်ဖလားနဲ့ အောင်ပွဲခံခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းက သူ့ကိုအပြီး သတ်ခေါ်ယူဖို့ တွေဝေနေသလို၊ မန်ယူအသင်းကလည်း နေရာမပေးလိုတာကြောင့် သူ့အနာဂတ်က ဟိုလိုလို ဒီလိုလိုနဲ့ မတင်မကျဖြစ်နေပါတယ်။ သူ့ အချစ်ရေးကလည်း အခုထိတော့ ပဟေဠိဆန်နေတုန်းပါပဲ။ သူက ရက်ပါမလေး ဆဝီးတီးနဲ့ တကယ်ပဲ တွဲနေပြီလား။ ဆဝီးတီးရဲ့ ရက်ပ်သီချင်းတွေကို သဘောကျလို့ ဖုန်းမျက်နှာပြင်မှာ နေရာပေးထားရုံပဲလား။ ဒီနှစ်အစောပိုင်းတုန်းက ချယ်လ်ဆီးအသင်းရဲ့ ပွဲတစ်ပွဲကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ဆဝီးတီးက လာရောက်အားပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲဒီတုန်းက ဆန်ချိုကို ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိခဲ့တာကြောင့် သူတို့နှစ်ဦးကို ဘာလိုလိုလို့ ပရိသတ်တချို့က သတ်မှတ်ထားကြတာပါ။

အခု ဆန်ချိုရဲ့ ဖုန်းမျက်နှာပြင်မှာ ဆဝီးတီးရဲ့ ရုပ်ပုံကို မြင်တွေ့လိုက်ရတော့ သူတို့ တွဲနေကြပြီလို့ ကောက်ချက်ချကြတာကိုလည်း လွန်တယ်လို့ မဆိုသာပါဘူး။ ပရိသတ်တချို့ကတော့ ဆန်ချိုနဲ့ ဆဝီးတီးတို့ရဲ့ ဆက်ဆံရေးက သူငယ်ချင်းအဆင့်ထက် ပိုကိုပိုနေတာ သေချာတယ်လို့ အခိုင်အမာဆိုနေကြပါတယ်။ ပဟေဠိ ဆိုတာက အဖြေရှိစမြဲဖြစ်ပြီး အဲဒီအဖြေကို ဘယ်တော့ကြားသိရမလဲ ဆိုတာကိုတော့ . . . ။

Most Read

Most Recent