စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခုနစ်ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ဆက်လက်မြင့်တက်လာနိုင်

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခုနစ်ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ဆက်လက်မြင့်တက်လာနိုင်
Published 14 September 2024

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခုနစ်ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း စက်တင်ဘာ ၁၄ ရက်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ် ၂၈ ဒသမ ၅၄ ပေအထက်သို့ သုံးပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၉ ဒသမ ဒသမ ၆၉ ပေအထက်သို့ ခုနစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေအထက်သို့ နှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေအထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေအထက်သို့ ခုနစ်ပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် တောင်ငူ၊ ပဲခူး၊ ဘားအံ၊ မြစ်ငယ်နှင့် မဒေါက်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ပါရန် မိုးဇလက သတိပေးထားကြောင်း သိရသည်။

Most Read

Most Recent