UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Facebook
Photo : Facebook
Published 8 September 2024

ဒိန်းမတ် - ဆားဘီးယား (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဒိန်းမတ်က လက်ရှိ အချိန်မှာ နိုင်ပွဲတွေ ဝေးနေတာ ကြာ ပြီဆိုပေမယ့် အသင်းလူစာရင်းကတော်တော်လေး တောင့်တင်း တယ်။ ဆားဘီးယားအသင်းကတော့ ကစားသမားကောင်းတွေ ရှိပေမယ့်အသင်းလိုက်ကစားပုံ ပျော့ပါတယ်။ လက်ရှိ အနေအ ထားအရ ဒိန်းမတ်အသင်းရဲ့ကွင်းမှာ ယှဉ်ကစားနိုင်တဲ့ အခြေ အနေမရှိပါဘူး။ ဒိန်းမတ်ကို ကြိုက်တယ်။ 

ခရိုအေးရှား - ပိုလန် (တနင်္လာနံနက် ၁း၁၅ နာရီ)

အသင်းကောင်းနှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစလုံးသူ တို့ရဲ့အကောင်းဆုံးအချိန်တွေကနေ လျော့ကျလာတာတော့ တွေ့ရတယ်။ ဒါပေမဲ့ထိပ်တန်းကစားသမားတွေနဲ့ ထိပ်တန်းအ ဆင့်မှာ ရှိနေကြဆဲပါ။ ကစားဟန်အရ ခရိုအေးရှားက ဘောလုံး ကိုင်ကစားပုံပိုကောင်းပေမယ့် ပိုလန်အသင်းရဲ့ မာကျောမှုနဲ့ စု ဖွဲ့မှုကလည်း ခရိုအေးရှားကို ဒုက္ခပေးနိုင်တယ်။ လက်ရှိ အနေ အထားအရတော့ ခရိုအေးရှားက နည်းနည်းသာသလို အိမ်ရှင် လည်းဖြစ်လို့ ခရိုအေးရှားကို ကြိုက်တယ်။ 

ပေါ်တူဂီ - စကော့တလန် (တနင်္လာနံနက် ၁း၁၅ နာရီ)

ပေါ်တူဂီအသင်းက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပုံစံကောင်းမပြ နိုင်ခဲ့ဘူး။ သွင်းဂိုးတွေအတွက်လည်း ရုန်းကန်ခဲ့ရတယ်။ ဂျော်ဂျီ ယာ၊ ဆလိုဗေးနီးယားနဲ့ ပြင်သစ် ၃ ပွဲဆက် ဂိုးပေါက် ပျောက်ခဲ့ တယ်။ ဒီပွဲမတိုင်ခင်မှာ ခရိုအေးရှားနဲ့ ကစားထားပြီး အခု ဒီပွဲမှာ တော့ အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်တယ်။ စကော့တလန် က အသင်းကောင်းတစ်သင်းဖြစ်ပြီး ပုံမှန်ဆိုအသင်းကြီးတွေကို ခံကစားနိုင်လေ့ရှိတဲ့အသင်းပါ။ ဒါပေမဲ့ ပေါ်တူဂီနဲ့တော့ ခြေကွာ ပါတယ်။ ပေါ်တူဂီကိုပဲ ကြိုက်တယ်။ 

ဆွီဒင် - အက်စ်တိုးနီးယား (တနင်္လာနံနက် ၁း၁၅ နာရီ)

အီဆက်ခ်၊ အီလန်ဂါ၊ ကူလူဆက်ဗ်စကီးတို့နဲ့ ဆွီဒင်က လည်း တော်တော်လေး တောင့်တင်းပါတယ်။ အက်စ်တိုးနီး ယားက ခြေတက်လာတဲ့အသင်းတစ်သင်းဖြစ်ပြီး ၂၀၂၄ ထဲမှာ ပဲ ဆွီဒင်ကို ခြေစမ်းပွဲမှာ အကြိတ်အနယ်ကစားထားသေးတယ်။ ဒါပေမဲ့ ဒီလို နောက်တစ်ကြိမ်ကစားနိုင်ဖို့ မလွယ်ပါဘူး။ ဆွီဒင် ပဲနိုင်လိမ့်မယ်။ 

ဆွစ်ဇာလန် - စပိန် (တနင်္လာနံနက် ၁း၁၅ နာရီ)

စပိန်အသင်းက ဒီပွဲမတိုင်ခင်မှာ ဆားဘီးယားနဲ့ အိမ်ကွင်း ပွဲစဉ် ကစားထားပြီး အခုပွဲမှာတော့ ဥရောပမှာ အဆိပ်ရှိတဲ့အ သင်းကောင်းတစ်သင်းဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ကစားရမှာဖြစ်တယ်။ ဆွစ်ဇာလန်က စပိန်အသင်းလောက် အင်အားမတောင့်တင်းပေ မယ့် ခံစစ်၊ ကွင်းလယ် စနစ်ကျသလို တိုက်စစ်ကလည်း အဆိပ် ရှိပါတယ်။ စပိန်အသင်းကို ဒုက္ခပေးနိုင်တဲ့အသင်းမျိုး ဖြစ်ပြီး ကစားရမှာကလည်း ဆွစ်ဇာလန်ကွင်းဖြစ်နေတယ်။ ဆွစ်ဇာလန် ကို ကြိုက်တယ်။ 

အခြားပွဲစဉ်များ

လူဇင်ဘတ် - ဘီလာရုစ် (တနင်္ဂနွေည ရး၃၀ နာရီ)

ဆလိုဗက်ကီးယား - အဇာဘိုင်ဂျန် (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဂျီဘရော်လ်တာ - လက်ချင်စတိန်း (တနင်္ဂနွေည ၁၀း၃၀ နာရီ)

ဘူလ်ဂေးရီးယား - မြောက်အိုင်ယာလန် (တနင်္ဂနွေည ၁၀း၃၀ နာရီ)

Most Read

Most Recent