ထိုင်းနိုင်ငံတွင် တည်ဆောက်နေသည့် ထိုင်း-တရုတ် အမြန်ရထားလမ်းပိုင်း ဥမင်လိုဏ်ခေါင်း ပြိုကျပြီး မြန်မာတစ်ဦး အပါအဝင် လူသုံးဦး ပိတ်မိ

ထိုင်းနိုင်ငံတွင် တည်ဆောက်နေသည့် ထိုင်း-တရုတ် အမြန်ရထားလမ်းပိုင်း ဥမင်လိုဏ်ခေါင်း ပြိုကျပြီး မြန်မာတစ်ဦး အပါအဝင် လူသုံးဦး ပိတ်မိ
ဥမင်လိုဏ်ခေါင်းပြိုကျနေသည်ကို တွေ့ရစဉ်
ဥမင်လိုဏ်ခေါင်းပြိုကျနေသည်ကို တွေ့ရစဉ်
Published 27 August 2024
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နာခွန်ရတ်ချာစီမာပြည်နယ် ပတ်ခ်ချွန်ခရိုင်ရှိ ထိုင်း-တရုတ် အမြန်ရထားလမ်းသစ်အတွက် တည်ဆောက်နေသည့် လိုဏ်ခေါင်းတစ်ခု သြဂုတ် ၂၄ ရက်က ပြိုကျမှုကြောင့် လူသုံးဦး ပိတ်မိနေကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ထိုင်းနိုင်ငံဘက် မှလာသော သတင်းများအရ သိရသည်။

သြဂုတ် ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ပျောက်ဆုံးနေသော အမျိုးသားများထံမှ ခန္ဓာ ကိုယ်အပူရှိန်နှင့် နှလုံးခုန်သံများကို စကင်နာ တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ အသက် ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်များ တိုးလာခဲ့ သည်။  pak chong ခရိုင်တစ်ဝိုက် chan thuek ရှိ ဝင်ပေါက်မှ လေးကီလိုမီတာအကွာ တွင် ပြိုကျသွားသည့် ဥမင်လိုဏ်ခေါင်းမှာ  ရှစ်ကီလို မီတာအရှည်ခန့်ရှိသည်ဟု ဆိုသည်။

ပိတ်မိနေသော အလုပ်သမားများဖြစ် သည့် တရုတ်ဆောက်လုပ်ရေးကြီးကြပ်ရေးမှူး၊ တရုတ်ဘက်ဟိုးအော်ပရေတာနှင့် မြန်မာ ထရပ်ကားယာဉ်မောင်းတို့ထံ ရောက်ရှိရန် မြေကြီးနှင့် ကျောက်တုံးများကို ဂရုတစိုက် ဖယ်ရှားရန် ကယ်ဆယ်ရေးသမားများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှံ့နွံများ နှင့် ကျောက်တုံးများက ၎င်းင်းတို့၏ ကြိုးစားအားထုတ်မှုကို အဟန့်အတားဖြစ်စေ သည်ဟု ဆိုသည်။

ယင်းဥမင်လိုဏ်ခေါင်းသည် ဘန်ကောက် နှင့် nong khai ပြည်နယ်ကြားတွင် တည် ဆောက်နေသည့် တရုတ်-ထိုင်း မြန်နှုန်းမြင့်ရ ထားလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသိရသည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ krichanon Aiyapanya က ကယ်ဆယ်ရေး ပြွန်အပိုင်းများကို ဖွင့်လိုက်သည်နှင့်အမျှ ပိတ်ဆို့နေသော လိုဏ်ခေါင်း၏ အစိတ်အပိုင်းများကို တဖြည်းဖြည်းတွန်းထုတ် သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

ပိတ်မိနေသော အမျိုးသားများကို ကယ် ထုတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းလည်း ပြောကြားသည်။

ပျောက်ဆုံးနေသူသုံးဦးအနက် နှစ်ဦးမှာ တရုတ်လူမျိုးများဖြစ်ပြီး ကျန်တစ်ဦးမှာ မြန်မာနိုင်ငံ သားဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦး က  ပြောကြားသည်။

ထိုင်းအစိုးရသည် ဗန်ကောက်မြို့နှင့်နာ ခွန်ရတ်ချာစီမာပြည်နယ်ကြား ချိတ်ဆက်မည့် ၂၅၁ ကီလိုမီတာရှည်လျားသော တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်းကို တည်ဆောက်နေ ပြီး  ၂၀၂၈ ခုနှစ်တွင် ပြီးစီးရန်မျှော်မှန်းထား ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်း များအရ သိရသည်။ 

Most Read

Most Recent