ဆာကာ၊ အာဆင်နယ်၊ အာတီတာနဲ့ ဒုတိယလူ မဖြစ်ချင်စိတ်

ဆာကာ၊ အာဆင်နယ်၊ အာတီတာနဲ့ ဒုတိယလူ မဖြစ်ချင်စိတ်
Photos: AFP
Photos: AFP
Published 21 August 2024
AK

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၆ နှစ်တိတိလွဲခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ရေစက်ပြန်ဆုံခွင့်ရတာပါပဲ။ ဥရောပဝင်ခွင့်တောင် မရေရာတဲ့ အခြေအနေကနေ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အနီးဆုံးရောက်တဲ့အထိ အာဆင်နယ်တိုးတက်လာတာဟာ ဆာကာတို့လူငယ်တစ်စုရဲ့ ရုန်းအားကြောင့်ပါပဲ။ ဆာကာက အာဆင်နယ်ရဲ့ဂန္ထဝင်တစ်ဦး ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ အာတီ တာက ရာသီအသစ်မှာ နာကျင်စရာအသစ် မကြုံချင်တော့ပါဘူး။ နှစ်ရာသီဆက်ဒုတိယနေရာနဲ့ နာကျင်ရပြီးနောက် အဲဒီခံစားချက်ကြီးကို ထပ်မလိုချင်တော့ဘူး။ အာဆင်နယ်ကစားသမားတွေရဲ့ ခံစားချက်ကလည်း အာတီတာနဲ့ထပ်တူထပ်မျှပါပဲ။ အရင်ကထက် ပိုပြီးသန်မာချင်တယ်၊ အရင်က ထက်ပိုပြီး အောင်မြင်ချင်တယ်။ အာဆင်နယ်ရဲ့ ရပ်ဝန်းမှာ မျှော်လင့်ခြင်းမိုးတိမ်တွေ အရင်ကထက် အုံ့ဆိုင်းနေပါတယ်။ သူတို့ရဲ့ ဘုံရည်မှန်းချက်က မန်စီးတီးငါးရာသီဆက် ချန်ပီယံမဖြစ်ရေးပါပဲ။