■ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး မန်ယူနှင့် ချယ်လ်ဆီးတို့ ထိပ်ဆုံး(၄)သင်းစာရင်းမဝင်ဟု အလန်ရှီးယား ခန့်မှန်း      

■ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး မန်ယူနှင့် ချယ်လ်ဆီးတို့ ထိပ်ဆုံး(၄)သင်းစာရင်းမဝင်ဟု အလန်ရှီးယား ခန့်မှန်း      
Photo: Getty Images
Photo: Getty Images
Published 16 August 2024

နာမည်ကျော် ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက လာမည့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်း ချန်ပီယံဆု ရရှိမည်ဖြစ်ပြီး မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့ ထိပ် ဆုံး(၄)သင်းစာရင်းမဝင်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။

    

၂၀၂၄-၂၅ ရာသီ ပရီးမီးယား လိဂ်ပြိုင်ပွဲကို သြဂုတ်(၁၆)ရက် (ယနေ့)တွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ချန်ပီယံဆု ထပ်မံရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။

သို့သော် အလန်ရှီးယားကမူ အာဆင်နယ်အသင်း ချန်ပီယံဆုရရှိမည်ဖြစ်ပြီး မန်စီး တီးအသင်းမှာ ဒုတိယနေရာသာ ရရှိမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

 

အလန်ရှီးယားသည် လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အသင်း (၂၀)၏ ရပ်တည်မှုကို ခန့်မှန်းခဲ့ရာ အာဆင်နယ်က နံပါတ်(၁)နေရာတွင် ရပ်တည်နိုင်မည်ဖြစ်ပြီး ၎င်း၏နောက်တွင် မန်စီးတီး၊ လီဗာပူးလ်၊ နယူးကာဆယ်၊ မန်ယူ၊ စပါး၊ အက်စတွန်ဗီလာ၊ ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်၊ ဘ ရိုက်တန်၊ ဘုန်းမောက်၊ ဘရန့်ဖို့ဒ်၊ ပဲလေ့စ်၊ ဝုလ်ဗ်၊ နော်တင်ဟမ်၊ အဲဗာ တန်၊ အစ်ဝစ်ချ်၊ ဆောက်သမ်တန်၊ လက်စတာတို့ ရပ်တည်မည်ဟု ခန့် မှန်းခဲ့ကြောင်း သိရသည်။

    

"ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲက တကယ့်ကို ပြင်းထန်လိမ့်မယ်လို့ ထင်ပါတယ်။ နှစ်သင်းထက်ပိုတဲ့ ပြိုင်ဆိုင်မှုကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ အာဆင်နယ်အသင်းက တိုက်စစ်မှူးတစ်ယောက် ခေါ်ယူနိုင်ခဲ့ရင် ချန်ပီယံဆု ရရှိနိုင်ပါတယ်"ဟု ရှီးယားက ဆိုခဲ့သည်။

Most Read

Most Recent