■ လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 16 August 2024

အိုဆာဆူနာ - လီဟာနက်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် ည ၁၁:၃၀ နာရီ)

အိုဆာဆူနာကတော့ ထွက်သွားတဲ့ နည်းပြ အာရာဆက်တေနေရာမှာ အယ်မယ်ရီယာနည်းပြဟောင်း ဗင်းဆင့်တေးနဲ့ အစားထိုးထားတယ်။ အသင်းကလည်းအိမ်ကွင်းအားနဲ့ ကစားနိုင်လေ့ရှိလို့ နည်းပြ ဗင်းဆင့်တေးကတော့ ဒီအရှိန်နဲ့ အခုပွဲဦးကို ထိန်းသွားမယ့်ပုံပါပဲ။ လီဟာနက်စ်ကလည်း တစ်ကျော့ပြန်လာ လီဂါကိုပြန်ရောက်လာနိုင်ပေမယ့် လာလီဂါရဲ့အဆင့်အတန်း မျိုးပြန်ရဖို့တော့ အချိန်ယူပြင်ဆင်ရမယ့်အဆင့်မှာပဲ ရှိပါသေးတယ်။ ဒီအတွက်လည်း လီဟာနက်စ်တို့ အိုဆာဆူနာရဲ့ရာသီအဖွင့် အိမ်ကွင်းကစားအားကိုပွဲချိန်ပြည့်တောင့်ခံကစားဖို့ခက်မှာပါ။ အိုဆာဆူနဲ့ ဂိုးအနည်းပဲ ရွေးထားရမယ့်ပွဲဖြစ်နေတယ်။ 



ဗလင်စီယာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၈ ရက် နံနက် ၂:၀၀ နာရီ)

ဟန်ဆီဖလစ်ခ်ရဲ့ ဘာစီလိုနာကိုအများကြီးမျှော်လင့်ထားလို့မရသေးဘူး။ အခုမှအသင်းကိုပြန်တည်ဆောက်နေဆဲ အဆင့်ပဲရှိသေးလို့ မက်စ်တဲလားလိုကွင်းမှာ ဘာစီလိုနာကစားပုံအထနှေးနိုင်သေးတယ်။ ဗလင်စီယာကတော့ပြီးခဲ့တဲ့ရာသီက အသင်းကို အပြောင်းအလဲသိပ်မရှိဘူး။ နည်းပြ ဘာရာဟာလက် ထဲမှာ တစ်ရာသီပြီးတစ်ရာသီတိုးတက်မှုပြနေတာလည်း တွေ့ရတယ်။ အိမ်ကွင်းကစားပုံလည်း ပိုမာကျောတတ်တဲ့အပြင် ဘာစီလိုနာနဲ့ အိမ်ကွင်းမှာရင်ဆိုင်ရတိုင်းလည်း မာမာကျောကျောနဲ့ ပြန်တုံ့ပြန်တတ်လို့နည်းပြသစ်နဲ့ ဘာစီလိုနာအခက်အခဲတွေ့နိုင်မယ့်ပွဲမျိုးဖြစ်သွားနိုင်တယ်။ အထူးသဖြင့် ခံစစ်ကစား ပုံလျော့နေသေးတဲ့ ဘာစီလိုနာကိုအိမ်ကွင်းမှာဂိုးတွေရအောင် ပိုကစားပြနိုင်တဲ့ ဗလင်စီယာရဲ့တိုက်စစ်က ဖိအားပေးနိုင်ဖို့လည်း များနေတယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲ ပိုကြိုက်မိတယ်။