■ လိဂ်ဖလား ဒုတိယအဆင့်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းပွဲစဉ်များအဖြစ် ခွဲခြားထားပြီး  ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ် (၁၃) သင်း စတင်ပါဝင်လာ     

■ လိဂ်ဖလား ဒုတိယအဆင့်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းပွဲစဉ်များအဖြစ် ခွဲခြားထားပြီး  ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ် (၁၃) သင်း စတင်ပါဝင်လာ     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

၂၀၂၄-၂၀၂၅ ရာသီ လိဂ်ဖလား (Carabao Cup) ပြိုင်ပွဲ ဒုတိယအဆင့်ကို တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသပွဲစဉ်များအဖြစ် ခွဲခြားထားပြီး ဥရောပပြိုင်ပွဲဝင်ခွင့်မရသည့် ပရီးမီးယားလိဂ်ကလပ် (၁၃) သင်း စတင်ပါဝင် လာကြောင်း သိရသည်။

    

ဒုတိယအဆင့်ပွဲစဉ်များကို သြဂုတ် (၁၄) ရက်တွင် ရေးဆွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့်မှ တက်ရောက်လာသည့် (၃၅) သင်း၊ ချန်ပီယံရှစ်ကလပ်နှစ်သင်းနှင့် ပရီးမီးယားလိဂ်ကလပ် (၁၃) သင်း၊ စုစုပေါင်းအသင်း (၅၀) ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အစောပိုင်းအဆင့်ဖြစ်သည့် ပထမအဆင့်နှင့် ဒုတိယအဆင့်ပွဲစဉ်များကို တောင်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသအဖြစ် ခွဲခြားထားပြီး ပရီးမီးယားလိဂ်ကလပ်အချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်ပွဲစဉ်  အချို့လည်း ပါဝင်လာသည်။

    

တောင်ပိုင်းဒေသတွင် ပရီးမီးယားလိဂ်ကလပ်အချင်းချင်း တွေ့ဆုံမှုအဖြစ် ဝက်စ်ဟမ်းနှင့် ဘုန်းမောက်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တန်းတက်အစ်ဝစ်ချ်အသင်းမှာ League Two (စတုတ္ထတန်း) ကလပ် ဝင်ဘယ်လ်ဒန်အသင်းနှင့် အဝေးကွင်း၊ ဖူလ်ဟမ်အသင်းမှာ League One (တတိယတန်း) ကလပ် ဘာမင်ဂမ်အသင်းနှင့် အဝေးကွင်း၊ ဘရိုက်တန်အသင်းမှာ League One (တတိယတန်း) ကလပ် ခရော်လေအသင်းနှင့် အိမ်ကွင်း၊ ပဲလေ့စ်အသင်းမှာ ချန်ပီယံရှစ်ကလပ် နောဝစ်ချ်အသင်းနှင့် အိမ်ကွင်း၊ ဆောက်သမ်တန်အသင်းမှာ ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းနှင့် အဝေးကွင်း၊ ဘရန့်ဖို့ဒ်အသင်းမှာ League Two (စတုတ္ထတန်း) ကလပ် ကိုလ်ချက်စတာအသင်းနှင့် အဝေးကွင်း၊ မြောက်ပိုင်းဒေသတွင် ပရီးမီးယားလိဂ်ကလပ် အချင်းချင်းတွေ့ဆုံမှုအဖြစ် နော်တင်ဟမ်နှင့် နယူးကာဆယ်အသင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဲဗာတန်အသင်းမှာ League Two (စတုတ္ထတန်း) ကလပ် ဒွန်ကက်စတာအသင်းနှင့် အိမ်ကွင်း၊ လက်စတာအသင်းမှာ League Two (စတုတ္ထတန်း) ကလပ် ထရန်မဲအသင်းနှင့် အိမ်ကွင်း၊ ဝုလ်ဗ်အသင်းမှာ ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းနှင့် အိမ်ကွင်း၌ တွေ့ဆုံနေသည်။ 

ယင်းပွဲစဉ်များအား အချိန်တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး သြဂုတ်လ (၂၇) ရက်နေ့တွင် ကစားသွားမည်ဖြစ်ကာ ပြီးခဲ့သည့်အဆင့်ပွဲစဉ်များကို သြဂုတ်လ (၁၃) ရက်နေ့က ကစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

■ တောင်ပိုင်းဒေသပွဲစဉ်များ (သြဂုတ်၂၇၊ ၂၈)

ကိုဗင်ထရီ - အောက်စဖို့ဒ်

ဆွမ်ဆီး - ၀ိုင်ကမ်ဘီ

ဝင်ဘယ်လ်ဒန် - အစ်ဝစ်ချ်

ဘာမင်ဂမ် - ဖူလ်ဟမ်

ဝက်ဖို့ဒ် - ပလိုင်းမောက်

ဝက်စ်ဟမ်း - ဘုန်းမောက်

QPR - လူတန်

ဘရိုက်တန် - ခရော်လေ

ပဲလေ့စ် - နောဝစ်ချ်

ကာဒစ်ဖ် - ဆောက်သမ်တန်

မီဝေါလ် - လေတန်

ကိုလ်ချက်စတာ - ဘရန့်ဖို့ဒ်

■ မြောက်ပိုင်းဒေသပွဲစဉ်များ (သြဂုတ်၂၇၊ ၂၈)

ဂရင်းစဘီ - ရှက်ဖီးလ်ဝင်းစ်ဒေး

အဲဗာတန် - ဒွန်ကက်စတာ

ဘလက်ဘန်း - ဘလက်ပူးလ်

ဖလိဝုဒ် - ရိုသာဟမ်

ရှရူးဘူရီ - ဘော်လ်တန်

နော်တင်ဟမ် - နယူးကာဆယ်

ဘာရိုး - ဒါဘီ

လက်စတာ - ထရန်မဲ

မစ်ဒယ်ဘရော့ - စတုတ်စီးတီး

ဘန်စလေ - ရှက်ဖီးလ်ယူနိုက်တက်

ဟာရိုးဂိတ် - ပရက်စတန်

ဝဲဆောလ် - ဟတ်ဒါဖီးလ်

ဝုလ်ဗ် - ဘန်လေ

Most Read

Most Recent