မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က Ulchi  Freedom Shield စစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ်တွင် စတင်မည်

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က Ulchi  Freedom Shield စစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ်တွင် စတင်မည်
သြဂုတ် ၁၂ ရက်က ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ၌ Ulchi  Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AP)
သြဂုတ် ၁၂ ရက်က ဆိုးလ်မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံ၌ Ulchi  Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AP)
Published 12 August 2024

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်စဉ်ပြုလုပ်မြဲ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လာမည့်သီတင်း ပတ်ထဲတွင် စတင်ပြုလုပ်မည်ဖြစ်ကာ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု မြင့်တက်လာခြင်းအား ပူးပေါင်းဟန့်တားကာကွယ်သည့် စွမ်းရည်များကို တိုးမြှင့်ရန် အဓိကရည်ရွယ်သည်ဟု ၎င်းမဟာမိတ်နှစ်နိုင်ငံက သြဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့ကို ကျူးကျော်တိုက်ခိုက်ရန် အကြိုပြင်ဆင်မှု ဖြစ်သည်ဟုဆိုကာ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက်စနစ်များ ဆက်လက်တီထွင်ရန် အကြောင်းပြလျက်ရှိသည့် မြောက် ကိုရိးယားအနေဖြင့် ထိုစစ်ရေးလေ့ကျင့်မှုများကို ရန်လိုသည့်တုံ့ပြန်မှုများ လုပ်ဆောင်လာဖွယ်ရှိသည်။

သြဂုတ် ၁၉ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည့် ယခုနှစ်၏ Ulchi  Freedom Shield စစ်ရေးလေ့ကျင့်မှုများတွင် ဒုံးလက်နက်များ၊ ဂျီပီအက်စ်စနစ် ဖိဖျက်နှောင့် ယှက်မှုများနှင့် ဆိုက်ဘာ တိုက်ခိုက်မှုများကို တုံ့ပြန်ရာတွင် အသင့်ရှိနေမှုကို တိုးမြှင့်ရန် ရည်ရွယ်သည့် ကွန်ပျူတာဖြင့် သဏ္ဌာန်တူ ဖန်တီးထားသော လေ့ကျင့်ခန်းများ၊ ချိန်ကိုက်စစ်ကစားမှု လေ့ကျင့်ခန်းများနှင့် ကျည်အစစ်သုံးသည့် လေ့ကျင့်ခန်းများ ပါဝင်သည်။

လူအစုလိုက်အပြုံလိုက် သေဆုံးစေနိုင်သော လက်နက်စနစ်များကို ဟန့်တားကာကွယ်သည့် စွမ်းရည်နှင့် ပြင်ဆင်မှုများကို ပိုမိုခိုင်မာအားကောင်းစေရန် ယင်းစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ် ဘက်အရာရှိများက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုများတွင် တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၉,၀၀၀ ခန့်ပါဝင်မည် ဖြစ်ကြောင်းနှင့် ယင်းသည် တောင်ကိုရီးယား၏ ခိုင်မာအားကောင်းသော ကာကွယ်ရေးဆိုင်ရာ မူဝါဒကို ထိန်းသိမ်းရန် မရှိမဖြစ်လို အပ်သောအရာဖြစ်သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ပြောခွင့်ရ လီဆွန်းဂျွန်က ပြောကြားသည်။

တောင်ကိုရီးယားအခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များ၏ပြောခွင့်ရ ဗိုလ်မှူးကြီး ရိုင်ယန်ဒေါ်နယ်က ယင်းစစ် ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသကဲ့သို့ ယင်းစစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ပါဝင်ခြင်းရှိမရှိကိုလည်း အတည်ပြုခဲ့ခြင်းမရှိပေ။

မကြာသေးမီ လများအတွင်း အမေရိကန်သည် မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်တို့၏ စစ်လက်နက်ပစ္စည်းများနှင့်အတူ လေ့ကျင့်မှုများပြုလုပ်ရန် တာဝေးသွား ဗုံးကြဲလေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် တိုက်ခိုက်ရေးစစ်ရေ ယာဉ်စုများကို ဒေသတွင်း၌ တိုးမြှင့်ဖြန့်ကြက်မှုများ လုပ်ဆောင်ခဲ့သည်။

ယမန်နှစ် Ulchi  Freedom Shield စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ်အတွင်း မြောက်ကိုရီးယားက တောင်ကိုရီးယားရှိ ပစ်မှတ်များကို နျူကလီးယားလက်နက်ဖြင့် အလုံးစုံဖျက်ဆီးပစ်သည့် စစ်နည်းဗျူဟာအဖြစ် ပုံဖော်ထားသော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားသည် အမှိုက်များ ထည့်ထားသော ထောင်ချီသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ မကြာမီက ပစ်လွှတ်ခဲ့သည်။

Ref:AP   

Most Read

Most Recent