ဟားမာ့စ်ခေါင်းဆောင်သစ် ယာရာဆင်ဝါကို ရှာဖွေရှင်းလင်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပြောကြား

ဟားမာ့စ်ခေါင်းဆောင်သစ် ယာရာဆင်ဝါကို ရှာဖွေရှင်းလင်းသွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ပြောကြား
ဟားမာ့စ်ခေါင်းဆောင်ဟာနီယက်လုပ်ကြံခံရမှုကို အာဖဂန်နစ္စတန်နိုင်ငံဟာရတ်မြို့၌ ဆန္ဒပြနေသူများအား တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦကး စောင့်ကြပ်ပေးနေပုံကို သြဂုတ် ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဟားမာ့စ်ခေါင်းဆောင်ဟာနီယက်လုပ်ကြံခံရမှုကို အာဖဂန်နစ္စတန်နိုင်ငံဟာရတ်မြို့၌ ဆန္ဒပြနေသူများအား တာလီဘန်တိုက်ခိုက်ရေးသမားတစ်ဦကး စောင့်ကြပ်ပေးနေပုံကို သြဂုတ် ၇ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 8 August 2024

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားသူဖြစ်သည်ဟုဆိုသော ဟားမာ့စ်ခေါင်းဆောင်သစ် ယာရာဆင်ဝါကို ရှင်းလင်းမည်ဟု အစ္စရေးကပြောကြားသည်။

ဂါဇာစစ်ပွဲ ဖြစ်ပွားစေခဲ့သော အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို စီစဉ်ညွှန်ကြားသူဖြစ်သည်ဟု အစ္စရေးက ပြောကြားသောယာရာဆင်ဝါကို ဟားမာ့စ်အဖွဲ့က ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲသစ်အဖြစ် သြဂုတ် ၆ ရက်တွင် ကြေညာခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်အကြီးအကဲသစ်ကို သုတ်သင်မည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။ဂါဇာစစ်ပွဲဖြစ်ပွားနေသည်မှာ အချိန် ၁၁ လ ထဲဝင်ရောက်လာချိန်တွင် အစ္စရေးဘက်က ယင်းသို့ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။       

ဟားမာ့စ်၏နိုင်ငံရေးဆိုင်ရာ အကြီးအကဲ အစ္စမေးလ်ဟာနီယက်သည် လွန်ခဲ့သော သီတင်းပတ်ထဲတွင် အီရန်မြို့တော်တီဟီရန်တွင် လုပ်ကြံခံခဲ့ရပြီးနောက် ဟားမာ့စ်က ဟာနီယက်၏နေရာကို ဆက်ခံသူအဖြစ် ဆင် ၀ါကို ကြေညာခဲ့သည်။

“အစ္စရေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သြဂုတ် ၇ ရက်တွင် စစ်အခြေစိုက်စခန်းတစ်ခု၌ ပြောကြားခဲ့သည်။

“ကာကွယ်ရေးအပိုင်းရော၊ ထိုးစစ်အပိုင်းရော နှစ်ခုစလုံးကို ကျွန်တော်တို့ပြင်ဆင်ထားပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဟာဇီဟာလီဗီက “သူ့(ဆင်ဝါ)ကိုရှာမယ်၊ သူ့ကို တိုက်ခိုက်မယ်၊ ဟားမာ့စ်အုပ်စုက သူ့နေရာကို လူစားထိုးဖို့ရှာရအောင်လုပ်မယ်”ဟု ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်ကတည်းက ဂါဇာ၌ ဟားမာ့စ်ခေါင်းဆောင်ဖြစ်နေသော ဆင်ဝါသည်ကာတာတွင် ဟာနီယက်နှင့်အတူ နေထိုင်နေသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုဖြစ်ပွားကတည်းက ၎င်းကို မတွေ့ရတော့ပေ။

ဆင်ဝါကို ခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်ခြင်းသည် ဟားမာ့စ်စစ်သွေးကြွ အုပ်စုအနေဖြင့် မိမိ၏တော်လှန်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေသည်ဆိုခြင်းကို သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု အကြီးတန်းဟားမာ့စ်တာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ဆင်ဝါသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို သဘောတူရန် ဟာနီယက်ထက်ပင် ပိုမိုဝန်လေးနေသူဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။

“ဟာနီယက်သေဆုံးသွားတာကြောင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အလားအလာမရှိနိုင်ဘူးလို့မှတ်ယူရမယ့်အနေအထားမှာ ဆင်ဝါလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ အလားအလားပိုပြီးတောင် နည်းသွားပါတယ်”ဟု SITE ထောက်လှမ်းရေးအုပ်စု၏ အမှုဆောင်ညွှန်ကြားရေးမှူး ရီတာကတ်ဇ်က ပြောကြားခဲ့သည်။ ဆင်ဝါလက်ထက်တွင် ဟားမာ့စ်အဖွဲ့သည် သဘောထားတင်းမာသော စစ်သွေးကြွ မဟာဗျူဟာကို ပိုမိုယိမ်း လာရန်ရှိနေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆင်ဝါသည် အဆုံးအဖြတ်ပေးနိုင်သူဖြစ်သောကြောင့် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိရန် ဆင်ဝါ၏သဘောအတိုင်းဟု အမေရိကန်ကပြောသည်။     

Ref: AFP

Most Read

Most Recent