စစ်တောင်းမြစ်ရေသည် မဒေါက်မြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်ရောက်ရှိနေ

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်ရောက်ရှိနေ
■ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ရေကြီးနေသည်ကို တွေ့ရစဉ်။
■ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်အတွင်း ရေကြီးနေသည်ကို တွေ့ရစဉ်။
Published 8 August 2024

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်ရောက်ရှိနေကြောင်း သြဂုတ် ၇ ရက်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ် ပြန်သည်။

ထုတ်ပြန်ချက်အရ သြဂုတ် ၇ ရက် မြန် မာစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေအထက်သို့ သုံးပေခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

အလားတူ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေအထက်သို့ သုံးပေကျာ်ခန့် ကျော်လွန် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မဒေါက်မြို့နှင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် မိုးဇလက သတိပေး ထားကြောင်း သိရသည်။

သြဂုတ် ပထမ ၁ဝရက်ပတ်အတွင်း မြစ် ရေခန့်မှန်းချက်အနေဖြင့်လည်း ဧရာဝတီမြစ် ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ နှင့် သပိတ်ကျင်းမြို့တို့တွင် သုံးပေမှ ခုနစ်ပေ ခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့တွင် တစ်ပေခွဲမှ သုံးပေခန့်နှင့် မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် လေးပေမှ ငါးပေခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း နှင့် ဖောင်းပြင်မြို့တို့တွင် လေးပေမှ ရှစ်ပေ ခန့်နှင့် မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ နှင့့် မုံရွာမြို့တို့တွင် နှစ်ပေမှ လေးပေခန့်  လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တို့ လေးပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့ တွင် တစ်ပေခန့်နှင့် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ငါးပေခန့် လက်ရှိရေမှတ် များအထက် မြင့်တက်လာနိုင်ကြောင်း သိရ သည်။

ယင်းအပြင် ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာ ရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ တစ်ပေခွဲ ခန့်၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ခြောက်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင် မြို့တွင် ငါးပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်း တူမြို့နှင့် ပဲခူးမြို့တို့တွင် လေးပေမှ ခြောက် ပေခန့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ခြောက်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ငါးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့ တို့တွင် သုံးပေမှ လေးပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် နှစ်ပေခွဲခန့်နှင့် ဘီးလင်း မြစ်ရေသည် ဘီးလင်းမြို့တွင် ငါးပေခန့် လက် ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ကြောင်း မိုးဇလက ထုတ်ပြန်သည်။---

 

Most Read

Most Recent