■ တိုနီကရို့စ် နားသွားသော်လည်း ကစားပုံ ပြောင်းမည်မဟုတ်ဟု အန်ဆယ်လော့တီ ဆို     

■ တိုနီကရို့စ် နားသွားသော်လည်း ကစားပုံ ပြောင်းမည်မဟုတ်ဟု အန်ဆယ်လော့တီ ဆို     
Photo: Getty Images
Photo: Getty Images
Published 2 August 2024

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ဂျာမန်ကွင်းလယ်ကစားသမား တိုနီကရို့စ် ကစားသမား ဘဝအနားယူသွားသော်လည်း ၎င်းတို့၏ကစားပုံကိုပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။  

တိုနီကရို့စ်သည် ရီးယဲလ်အသင်းတွင် အဓိကကစားသမားအဖြစ် (၁၀) ရာသီကြာ ကစားခဲ့သူ ဖြစ်သည်။ 

တိုနီကရို့စ်(၃၄ နှစ်)သည် ယူရို ၂၀၂၄ ပြိုင်ပွဲမှ ဂျာမနီအသင်းထွက်ခွာပြီးနောက် ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။ 

တိုနီကရို့စ်မရှိတော့ခြင်းကြောင့် အသင်း၏ကစားပုံအပြောင်းအလဲ ရှိနိုင်သလားဟု မေးမြန်းခဲ့ရာ အန်ဆယ်လော့တီက "ကရို့စ်နဲ့တုန်းက ကျွန်တော်တို့ ဒေါင်လိုက်ကစားပြီး ပြိုင်ဘက်တွေကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တယ်။ ကရို့စ်ရှိရှိ၊ မရှိရှိ အဲဒီလိုပဲ ကျွန်တော်တို့ ကစားမှာပါ။ ဘယ်လင်ဂမ်ဟာ ဧရိယာနားမှာ ကစားတာ အရမ်းကောင်းပါတယ်။ ကွင်းလယ်မှာလည်း မိုဒရစ်၊ စီဘယ်ယို့စ်၊ ချူယာမန်နီ၊ ဗယ်လ်ဗာဒီနဲ့ ကာမာဗင်ဂါတို့ ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီကလိုပဲ ကစားမှာပါ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent