■ ဝမ်ဘစ်ဆာကာကို ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း သဘောတူညီမှုရရှိ     

■ ဝမ်ဘစ်ဆာကာကို ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း သဘောတူညီမှုရရှိ     
Published 2 August 2024

ဝက်စ်ဟမ်းအသင်းသည် မန်ယူအသင်းမှ အင်္ဂလန်နောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီ မှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ဝမ်ဘစ်ဆာကာ(၂၆ နှစ်)ကို ပြီးခဲ့သည့်နှစ် နွေရာသီကတည်းက ရောင်းထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယခုနွေရာသီတွင်မူ သေချာပေါက်ရောင်းထုတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

ဝက်စ်ဟမ်းအသင်းသည် ဝမ်ဘစ်ဆာကာအတွက် ပြောင်းရွှေ့ကြေးယူရို(၁၅)သန်းဝန်းကျင် သုံးစွဲရမည်ဖြစ်ပြီး ကစားသမားနှင့် သဘောတူညီမှုအရ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent