ပဲခူးမြို့နယ် ဝင်ကိုက်ရှိုကျေးရွာ စလူဆည်အနီးတွင် ရာအိမ်မှူးတစ်ဦး အပါအဝင် နှစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်

ပဲခူးမြို့နယ် ဝင်ကိုက်ရှိုကျေးရွာ စလူဆည်အနီးတွင် ရာအိမ်မှူးတစ်ဦး အပါအဝင် နှစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်
Published 24 July 2024

ပဲခူးမြို့နယ် ဝင်ကိုက်ရှိုကျေးရွာ စလူဆည်အနီးတွင် ရာအိမ်မှူးတစ်ဦး အပါအဝင် နှစ်ဦး ကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက် ၁ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဝင်ကိုက်ရှိုကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦး တင်အောင်လွင် (၄၈ နှစ်) နှင့် ဦးထွန်းထွန်း နိုင် (၄၇ နှစ်) တို့သည် ၎င်းင်းတို့၏နေအိမ်အ သီးသီး၌ ရှိနေစဉ် PDF ၁၀ ဦး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဝင်ကိုက်ရှိုကျေး ရွာရှိ စလူဆည်အနီး တောလမ်းအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့ သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent