အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 25 May 2024

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန် ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်  မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး  H.E Dr. Md. Monwar Hossain  တို့ မေ ၂၄  ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံး ဧည့်တွေ့ဆောင်၌ တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီရုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံ ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း  သိရသည်။

အလားတူ မေ ၂၁ ရက်ကလည်းအမျိုး သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့်           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး မိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးH.E Dr. Md. Monwar Hossain   တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံအကြား ဆောင်ရွက် လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံ ကိန်းများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေ သများ တည်ငြိမ်အေးချမ်းရေးအတွက် ပူး  ပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent