အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၅ ရက် တွင် စတင်မည်ဖြစ်ပြီး အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် မြန်မာ့အရေးတို့ကို အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြ  

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၂၅ ရက် တွင် စတင်မည်ဖြစ်ပြီး အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးနှင့် မြန်မာ့အရေးတို့ကို အဓိကထား ဆွေးနွေးဖွယ်ရှိနေကြောင်း အေအက်ဖ်ပီက သတင်းဖော်ပြ  
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်
Published 24 July 2024
Ref: AFP

အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန် ကြီးများ၏ အစည်းအဝေးကို လာအိုနိုင်ငံ ၌  (ဇူလိုင် ၂၅ ရက်) တွင် ကျင်းပမည်ဖြစ် ပြီး  ယင်းအစည်းအဝေးတွင် အငြင်းပွားစရာ ဖြစ်နေသော တောင်တရုတ်ပင်လယ်နှင့် မြန်မာ့အရေးတို့ကို အဓိကထား ဆွေးနွေးသွား မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာ နက သတင်းဖော်ပြသည်။

ထို့ပြင် တရုတ်နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးတို့သည်လည်း ဘေးဆွယ်အ စည်းအဝေးပွဲများတွင် တွေ့ဆုံကြမည်ဖြစ် ကြောင်း သိရသည်။

သုံးရက်ကြာ အာဆီယံအစည်းအဝေး သည် ဇူလိုင် ၂၅ ရက်တွင် လာအိုမြို့တော် ဗီ ယန်ကျင်းတွင် စတင်မည်ဖြစ်သည်။

အာဆီယံဝန်ကြီးများသည် ဇူလိုင် ၂၅ ရက် အစည်းအဝေးအပြီးတွင် ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

ဗီယန်ကျင်းအစည်းအဝေး၌ ဆွေးနွေး မည့်အကြောင်းအရာများထဲတွင် မြန်မာ့အရေးကိုလည်း ထည့်သွင်းဆွေးနွေးမည်ဟုသိရသည်။  အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံပါဝင်သော အာဆီယံသည် မြန်မာ့အရေးကို သံတမန် ရေးကြိုးပမ်းမှုများဖြင့် ဦးဆောင်ဖြေရှင်းခဲ့ သော်လည်း တိုးတက်မှု အနည်းငယ်သာရရှိ ခဲ့သည်။

အတိုက်အခံများနှင့်ဆွေးနွေးရန် ငြင်း ဆန်ထားသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင် ငံသည် အာဆီယံဝန်ကြီးအဆင့်အစည်းအ ဝေးပွဲများမှ ဖယ်ထုတ်ခံထားရသည်။

မြန်မာသည် ယခုတစ်ပတ် အာဆီယံအ စည်းအဝေးသို့ အကြီးတန်းအရာရှိကို စေ လွှတ်မည်ဟု မျှော်လင့်ရကြောင်း သတင်းအ ရင်းအမြစ်အချို့၏ပြောကြားမှုများအရသိရ သည်။

“သံတမန်ရေးအရ အာဆီယံနဲ့ပြန်လည် စေ့စပ်ဆွေးနွေးဖို့ မြန်မာနိုင်ငံရဲ့အဆင်သင့် ဖြစ်နေမှုဟာ နစကရဲ့အားနည်းသွားတဲ့ အနေ အထားကို ပြသနေတဲ့လက္ခဏာဖြစ်ပါ တယ်” ဟု ဆွေးနွေးပွဲကို တက်ရောက်မည့် အမည်မဖော်လိုသူ အရှေ့တောင်အာရှသံတမန်တစ် ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြား ခဲ့သည်။

အေအက်ဖ်ပီသတင်းဌာနက မြင်တွေ့ ထားသည့် ပူးတွဲထုတ်ပြန်ချက် အကြမ်းတွင် အာဆီယံဝန်ကြီးများက မြန်မာနိုင်ငံ၌ အဆက်မပြတ်ဖြစ်ပေါ်နေသော အကြမ်းဖက် မှုများကို ပြင်းထန်စွာ ရှုတ်ချသည်ဟု ဖော်ပြ ထားသည်ကို တွေ့ရသည်။

မြန်မာ့အရေးသည် အာဆီယံအဖွဲ့ကို နှစ်ဖွဲ့ကွဲစေခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံကို ပြင်းပြင်းထန် ထန် အရေးယူရန် တောင်းဆိုထားကြသည်။

ထိုင်းနိုင်ငံကမူ နစကတာဝန်ရှိသူများ နှင့်သာမက ထိန်းသိမ်းခံထားရသော ဒေါ် အောင်ဆန်းစုကြည်နှင့်ပါ ဆွေးနွေးမှုများလုပ် ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံသည် ယင်းဆွေးနွေးမှုများ ကို မိမိသဘောဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အပြန်အလှန်ဆွေးနွေးမှုများဖြစ်သည်ဟု ဆိုသည်။

(၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေး ဝန်ကြီးများ၏အစည်းအဝေးသည် အာ ဆီယံ၏ အကျိုးစီးပွား တည်ဆောက်ရေး ကြိုး ပမ်းမှုများကို လေ့လာဆန်းစစ်မည်ဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေသော ပထဝီဝင်နိုင် ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများအကြား အာဆီယံ ဗဟိုပြုမှုနှင့် စည်းလုံးညီညွတ်မှုတို့ ကို ထပ်လောင်းအတည်ပြုမည်ဖြစ်သည်။

အာဆီယံသည် ဝန်ကြီးအဆင့်လွန် ဆွေးနွေးပွဲများ (PMCs) တွင် ဆွေးနွေးဘက် မိတ်ဖက်များဖြစ်သည့် သြစတြေးလျ၊ ကနေ ဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ဂျပန်၊ ဗြိတိန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုတို့နှင့်ဆွေးနွေး မည်ဖြစ်သည်။

လာအိုနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအ နေဖြင့် နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီး တန်းအရာရှိတစ်ဦး တက်ရောက်ခဲ့သည်။

မြန်မာ့တပ်မတော်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲတွင် အာဆီယံအဖွဲ့က နစကခေါင်းဆောင်များကို အာဆီယံထိပ် သီးညီလာခံများနှင့် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးပွဲများ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့် မသက် ဆိုင်သော ကိုယ်စားလှယ်များ စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။

          ထိုသို့ဖိတ်ကြားခဲ့သော်လည်း နစက ဘက်က အာဆီယံအစည်းအဝေးများ တက် ရောက်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် ယခုနှစ် ဇန်နဝါရီ ၂၉ ရက်က လာအိုနိုင်ငံ လူဝမ်ဘရာ ဘန်တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ နှစ်နှစ်ကျော် ကာလအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာ သန်းထိုက်က တက်ရောက်ခဲ့ခြင်းလည်း ဖြစ် သည်။               

Most Read

Most Recent