နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို UEC  ငြင်းပယ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆိုကာ ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို UEC  ငြင်းပယ်
Published 9 July 2024

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟုဆို ကာ ကချင်အမျိုးသားကွန်ဂရက်ပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့၏ ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ် လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန် သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးပါရန် ကချင်အမျိုးသားကွန်ဂ ရက်ပါတီ [Kachin National Congress (KNC)]

၏ လျှောက်ထားချက်အပေါ် သက် ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြား ချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ (Demo -cracy and Human Rights Party) ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ် မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိ သောကြောင့်လည်းကောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၁၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက် ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၈ ရက်တွင် နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ) ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက် လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထား သည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင် ရွက်လျက်ရှိကြောင်း UEC ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ကလည်း နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့် ရခိုင်အမျိုးသားပါတီ၏ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက် ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထို့အတူ မေ ၇ ရက်ကလည်း ဒီမိုကရေ စီပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင် ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရသဖြင့်ယင်းပါတီ၏ ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဂ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

ထို့ပြင် မေ ၁၄ ရက်ကလည်း ချင်းပြည် သူ့ပါတီ၏ လျှောက်ထားချက်အပေါ် သက် ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက် များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ယင်းပါတီ၏ ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ခဲ့သည်။

ထို့အတူ မေ ၂၁ ရက်ကလည်း နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေး ပါတီ၏ လျှောက် ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင် ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ်(၂/ ၂၀၂၄) ဆုံးဖြတ်ချက်အရ ယင်းပါတီ၏ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ (ဆ)ဖြင့် ငြင်းပယ်လိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

Most Read

Most Recent