■ မြို့သစ်မြို့နယ် သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်  သားဖြစ်သူကို PDF များက သေနတ်ဖြင့်ပစ်သတ်

■ မြို့သစ်မြို့နယ် သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်  သားဖြစ်သူကို PDF များက သေနတ်ဖြင့်ပစ်သတ်
Published 21 July 2024

မြို့သစ်မြို့နယ် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူကို PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် သီးကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းဦး (၅၁ နှစ်) သည် ၎င်း၏သားဖြစ်သူ မောင်ဝေဇော် (ခ) ဝေဇော်ထွန်း (၂၆ နှစ်) နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF လေးဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သ ဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးနှင့် အရပ်သားတစ်ဦးကို လုပ်ကြံ သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent