ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်
Published 20 July 2024

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် ပဲခူး၊ ရန် ကုန်၊ တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇူလိုင် ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တွင် မုတ်သုံလေ အားကောင်းနေပြီး ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းနေခြင်းကြောင့် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ် တို့တွင် နေရာကွက်ကျား၊  မန္တလေးတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီတိုင်းဒေသကြီးနှင့်  ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ပြည့်ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်ရှိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုး သက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅  မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကိုးပေမှ ၁၄ ပေခန့်ရှိနိုင်ကြောင်း၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေ ပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုး သက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မုတ္တမ ကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရှစ်ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေ သကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျား၊ မကွေးတိုင်းဒေသကြီးတွင် နေရာ ကျဲကျဲ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေ ရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး ကရင်ပြည် နယ်တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေ သကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဟိုင်း ကြီးကျွန်းမြို့၌  ၉ ဒသမ ၆၈ လက်မ၊ ကမမောင်း မြို့တွင် ၄ ဒသမ ၆၅ လက်မ၊ ဘားအံမြို့တွင် ၃ ဒသမ ၆၆ လက်မ၊ မြိတ်မြို့တွင် ၃ ဒသမ ၂၇ လက်မ၊ ရှမ်းရွာသစ်မြို့တွင် ၃ ဒသမ ၂၃ လက်မ၊ စစ်တွေမြို့တွင် ၃ ဒသမ ၁၁ လက်မ၊ ဘီးလင်းမြို့တွင် ၂ ဒသမ ၉၁ လက်မ၊ သထုံမြို့ တွင် ၂ ဒသမ ၆၄ လက်မ၊  လပွတ္တာမြို့တွင် ၂ ဒသမ ၆၀ လက်မနှင့် ဖြူးမြို့နှင့် မော်လမြိုင် ကျွန်းမြို့တို့တွင် ၂ ဒသမ ၁၃ လက်မစီဖြစ် ကြကြောင်း သိရသည်။

Most Read

Most Recent