မကွေးမြို့နယ် အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

မကွေးမြို့နယ် အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ
Published 20 July 2024

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လက်ပံကျေးရွာနေ အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုသည် ဇူလိုင် ၁၇ ရက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီ တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် လက် ပံကျေးရွာနေ အလယ်ဘိုကျေးရွာအုပ်စု၊ အုပ် ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကိုကို (၄၁) နှစ် သည် လက်ပံကျေးရွာမှ သစ်ရာကောက်ကျေး ရွာသို့ ကိုးပင်ကွေ့-သစ်ရာကောက်သွား ကား လမ်းအတိုင်း ဆိုင်ကယ်ဖြင့်  တစ်ဦးတည်းမောင်း နှင်ထွက်ခွာလာစဉ် လက်ပံရွာသစ်ကျေးရွာနှင့် သစ်ရာကောက်ကျေးရွာကြား အရောက်တွင် နောက်မှ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာသည့် PDF နှစ်ဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ကိုကိုတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

Most Read

Most Recent