ဒီယာဘီအား ပေါင်သန်း (၆၀) ရမှ အက်စတွန်ဗီလာအသင်း ရောင်းထုတ်မည်

ဒီယာဘီအား ပေါင်သန်း (၆၀) ရမှ အက်စတွန်ဗီလာအသင်း ရောင်းထုတ်မည်
Photo: TNC
Photo: TNC
Published 18 July 2024

အက်စတွန်ဗီလာအသင်းသည် အသင်းတိုက်စစ်ကစားသမား မူဆာဒီယာဘီအား ပေါင်သန်း (၆၀) ရမှ ရောင်းထုတ်မည်ဟု စျေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

ပြင်သစ်တိုက်စစ်ကစားသမား ဒီယာဘီ(၂၅ နှစ်)သည် ၂၀၂၃ နွေရာသီကမှ လေဗာကူဆင်အသင်းမှ အက်စတွန်ဗီလာသို့ ကလပ်စံချိန်တင်  ပြောင်းရွှေ့ကြေး ပေါင် (၄၃)သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်ရာသီက အက်စတွန်ဗီလာအတွက် ပြိုင်ပွဲစုံ (၅၄) ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၉)ကြိမ် ပြုလုပ်ပေးခဲ့သည်။

ယခုအခါ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ၎င်းကို ပေါင် (၄၆) သန်းဖြင့် ကမ်းလှမ်းခဲ့ရာ အက်စတွန်ဗီလာအသင်းက ငြင်းဆန်ပယ်ချခဲ့ပြီး ပေါင်သန်း (၆၀) ရမှသာ ရောင်းချမည်ဟု အသိပေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent