အီဒါဆန်အတွက် ယူရိုသန်း (၆၀) အထိ မန်စီးတီး တောင်းဆို

အီဒါဆန်အတွက် ယူရိုသန်း (၆၀) အထိ မန်စီးတီး တောင်းဆို
Photo: Getty Images
Photo: Getty Images
Published 18 July 2024

မန်စီးတီးအသင်းသည် အယ်လ်နာဆာအသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် အသင်းဂိုးသမား အီဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) အထိ တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် ဘရာဇီးလ်ဂိုးသမား အီဒါဆန်(၃၀ နှစ်)ကို တစ်ပတ်လစာ ပေါင်(၉၀၀၀၀၀) ဖြင့် ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။

အယ်လ်နာဆာအသင်းသည် အီဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) ဖြင့် ကမ်းလှမ်းခဲ့ရာ မန်စီးတီးအသင်းက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။

မန်စီးတီးအသင်းသည် ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အီဒါဆန်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent