၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇွန်အထိ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် အရပ်သား ၇၈၀၀ ကျော် အသက်ဆုံးရှုံံးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇွန်အထိ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် အရပ်သား ၇၈၀၀ ကျော် အသက်ဆုံးရှုံံးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 16 July 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဇွန်အထိ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် အရပ်သား ၇၈၀၀ ကျော် အသက်ဆုံးရှုံး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘက်မလိုက်ရေး အခြေခံမူများကို လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံက တောင်းဆိုခြင်းဆိုသည့် ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းအချက် ထည့်သွင်းဖော်ပြထားခြင်း လည်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂျီနီဗာမြို့ တွင် ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအ ဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေး နွေးပွဲများကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး ယင်းသည် ကောင်စီ၏ အခြေခံ မူများဖြစ်သည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစသည် တို့နှင့် သွေဖည်လျက်ရှိကြောင်း၊ လူ့အခွင့်အ ရေးကောင်စီသည် အစည်းအဝေးကာလအ တွင်း အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) က တင်သွင်းသည့် မြန်မာ နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအ နေဖြင့် လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် အချက် အလက်များအား ထောက်ပံ့ပေးခဲ့သော်လည်း မဟာမင်းကြီး၏ အစီရင်ခံစာနှင့် တင်ပြချက် တွင် လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်း ဖက်သမားများ၏ ပြောကြားချက်များကိုသာ အလေးပေးဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသည် လိုရာဆွဲဖော်ပြခြင်းဖြစ်ပြီး မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် ယုံ ကြည်မှုလျော့နည်းစေကြောင်း၊ တိုင်းရင်းသား အရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများ ဖြစ်စေသော အေအေအကြမ်းဖက်အဖွဲ့၏ ဒေသခံလူထုအပေါ် ကြီးလေးသော ကျူးလွန် မှုများအား အစီရင်ခံစာတွင် လျှော့ပေါ့ဖော်ပြ ထားသည်ကို တွေ့ရှိရကြောင်း၊ အစီရင်ခံစာ သည် အစိုးရကို ဆန့်ကျင်သည့်အခြားလက် နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ် များကိုလည်း လျှော့ပေါ့ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင် ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ အစီ ရင်ခံတင်ပြချက်များသည် မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ရန် သိသာစွာ ဦးတည်ထားကြောင်း၊ အပြန်အလှန် ဆွေးနွေးပွဲတွင် အထူးအစီရင်ခံစာတင်သွင်း သူသည် အဖျက်အမှောင့် သတင်းမီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်သောင်းကျန်သူ အဖွဲ့များနှင့် NUG နှင့် ဆက်နွယ်သော အကြမ်းဖက် PDF အဖွဲ့များ၏ စွပ်စွဲမှုများနှင့် ပုံဖော်ပြောဆို ၀ါဒဖြန့်မှုများကိုသာ သံယောင် လိုက်ပြောဆိုထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

          အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အပြစ်မဲ့အရပ်သား ၇၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း၊ အထူး အစီရင်ခံစာတင်သွင်းသူသည် တရားမဝင် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များ နှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ ကို ရှုတ်ချရမည့်အစား ယင်းအဖွဲ့အစည်းများ နှင့် ထိတွေ့ဆောင်ရွက်ရန် နိုင်ငံတကာကို တိုက်တွန်းလျက်ရှိရာ၊ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

          အထူးအစီရင်ခံစာတင်သွင်းသူက ထုတ်ပြန်ထားသည့် တာဝန်မဲ့သော အစည်း အဝေးစာရွက်စာတမ်းများတွင် တရားဝင် ဘဏ်လုပ်ငန်းများသည် စစ်ရေးလှုပ်ရှားမှု များကို ထောက်ပံ့နေသယောင် လွဲမှားစွာ ဖော်ပြထားရာ၊ အထင်အမြင်လွဲမှားမှုများ နက်ရှိုင်းစွာဖြစ်ပေါ်စေကြောင်း၊ ယင်းစာ ရွက် စာတမ်းများတွင် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝအပေါ် ပြင်းထန်သော သက် ရောက်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ကို လျစ်လျူရှုလျက် မြန်မာနိုင်ငံအပေါ် တစ် ဖက်သတ်ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် မျှတမှုကင်းမဲ့စွာ တောင်းဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

          အိုအိုင်စီက မကြာသေးမီက တင်သွင်း ခဲ့သည့် ဆုံးဖြတ်ချက်အဆိုအပါအဝင် ယခင် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ ၌ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုအသီးသီး သည် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက် ပိုင်း၌ ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်၏ အဓိကအကြောင်းရင်းကို ဖော်ပြ ရန် ပျက်ကွက်ခဲ့ကြောင်း၊ ယင်းပျက်ကွက်မှုက အဆိုပါဆုံးဖြတ်ချက်အဆိုများသည် ပြဿနာ အား အဓိပ္ပာယ်ရှိစွာ စိတ်ရင်းမှန်ဖြင့် ဖြေရှင်း ရန် ရည်ရွယ်ချက် ကင်းမဲ့သည်ကို ပြသနေ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

          အစိုးရသည် ၂၀၂၅ ခုနှစ်တွင် လွတ်လပ် ပြီး မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင် လျက်ရှိကာ နိုင်ငံတော်တည်ငြိမ်ရေး၊ ငြိမ်း ချမ်းရေးနှင့် သာယာဝပြောရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့ အစည်းများက မေတ္တာရပ်ခံသည့် ကွင်းဆင်း လေ့လာရေး၊ ခရီးသွားလာရေးနှင့် ဝန်ထမ်း များ နေရာရွှေ့ပြောင်းရေးတို့ကို အတတ်နိုင် ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်သည့် လုပ်ပိုင်ခွင့်များနှင့် ဆုံးဖြတ်ချက်အဆိုများ၊ ယင်းတို့၏ နောက်ဆက်တွဲအပြန်အလှန်ဆွေး နွေးပွဲများသည် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအ တွက် အထောက်အကူမပြုသဖြင့် မြန်မာနိုင်ငံ က အစဉ်တစိုက်ဆန့်ကျင်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

          မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် ဘက်မလိုက်ရေးအ ခြေခံမူများကို ကျင့်သုံးရန်နှင့် နိုင်ငံ၏အချုပ် အခြာအာဏာကို သေးသိမ်စေပြီး ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့အတွက် စစ်မှန်သည့် ကြိုး ပမ်းမှုများကို ဟန့်တားခြင်းမပြုရန် တောင်း ဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

Most Read

Most Recent