ဂျာမန်ရဲတပ်ဖွဲ့သည် နယ်သာလန်ပရိသတ်များ စုဝေးနေသည့် Fan Zone အနီး၌ ပုဆိန်ကိုင်၍ ခြိမ်းခြောက်ခဲ့သည့် လူတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်မှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ပိုလန် ၁-၂ နယ်သာလန်ပွဲမတိုင်မီ ဟမ်းဘတ်မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်ခံရသူသည် လက်တစ်ဖက်တွင် နှစ်ဖက်သွားပုဆိန်၊ အခြားတစ်ဖက်တွင် Molotov cocktail ပုလင်း ကိုင်ဆောင်ကာ မီးရှို့မည်ဟု ခြိမ်းခြောက်သောင်းကျန်းခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ပစ်ခတ်ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား ဆေးရုံတွင် ကုသပေးထားပြီး အခြားသူများကို ထိခိုက်မှုမရှိခဲ့ကြောင်း ဟမ်းဘတ်ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပုဆိန်ကိုင်၍ ခြိမ်းခြောက်ခဲ့သည့် လူတစ်ဦးကို ဂျာမန်ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး
Most Read
Most Recent
42 min ago