သူ့ကို ဂျီရိုနာရဲ့ ဂိုးသွင်းစက်လို့ ညွှန်းဆိုရမယ်။ ဒေါ့ဗ်ဘိခ်က ဒီရာသီ လာလီဂါ သွင်းဂိုး (၁၈)ဂိုးအထိ သွင်းထားပြီး ဂိုးသွင်းဘုရင်ဆုအတွက် ထိပ်ဆုံးက ဦးဆောင်နေတယ်။ သူ့ရဲ့ သွင်းဂိုးတွေက အသင်းနိုင်ပွဲတွေအတွက် အခရာကျခဲ့တာကိုလည်း တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီ ဇင်ဘာလကဆိုရင် တစ်လတာအကောင်းဆုံးကစားသမားဆုကိုရယူနိုင်တဲ့အထိ ဒေါ့ဗ်ဘိခ်ရဲ့ ကွင်းတွင်းခြေစွမ်းက အထင်ကြီးစရာကောင်းခဲ့တယ်။ ဒါကြောင့်လည်း ဒေါ့ဗ်ဘိခ်ဟာ အချိန်တိုအတွင်း ဂျီရိုနာပရိသတ်တွေရဲ့ အချစ်တော်ကစားသမား ဖြစ်လာခဲ့တယ်။ အသက် (၂၆)နှစ်ရှိပြီဖြစ်တဲ့ ဒေါ့ဗ်ဘိခ်ဟာ ဂျီရိုနာအသင်းကို အခုရာသီအစကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်။ သူ့ကို လာလီဂါနဲ့ အစေးကပ်သူလို့ ညွှန်းဆိုရမှာဖြစ်ပြီး ပရိုကစားသမားဘဝ အဖွင့်ရာသီမှာပဲ စွမ်းဆောင်ရည်ကောင်းတွေကို ဒေါ့ဗ်ဘိခ် ပြသနိုင်ခဲ့တယ်။
ဂျီရိုနာနဲ့အတူ တောက်ပလာတဲ့ ယူကရိန်းကြယ်ပွင့် (သို့မဟုတ်) ဒေါ့ဗ်ဘိခ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။