မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ၎င်းအနေဖြင့် အပိုင်အခွင့်အရေးများကို လွဲချော်၍ ငိုခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။
မန်ယူအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် မန်ချက်စတာဒါဘီတွင် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သဖြင့် ဟာလန်းသည် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။
ဟာလန်းက ''ပြီးခဲ့တဲ့ရာသီက ကျွန်တော် ပရီးမီးယားလိဂ်သွင်းဂိုး (၃၆)ဂိုးရခဲ့တယ်။ ဒီရာသီမှာတော့ ကျွန်တော် (၁၈) ဂိုး သွင်းထားတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ရာသီကောင်းတစ်ခုကိုပိုင်ဆိုင်ထားတာပါ။ ငယ်ငယ်တုန်းကတော့ ကျွန်တော့်အနေနဲ့ ပွဲတွေ ရှုံးတဲ့အခါမျိုးမှာ၊ အပိုင်အခွင့်အရေးတွေ လွဲချော်တဲ့အခါမျိုးမှာ ငိုလေ့ရှိပါတယ်။ အခုတော့ အခွင့်အရေးတွေလွဲချော်ပေမဲ့ ဂိုးရဖို့ ပိုနီးစပ်လာပြီဆိုတာ နားလည်လာပါပြီ''ဟု ဆိုခဲ့သည်။
အပိုင်အခွင့်အရေးများ လွဲချော်၍ ငိုခဲ့ဖူးကြောင်း ဟာလန်း ဝန်ခံ
Most Read
Most Recent
3 hours ago