၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ဦးဆောင်သူများဖြစ်သည့် ကိုနန်းလင်း၊ ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင် တရားစွဲဆို ရုံးထုတ်ခဲ့သည်။အဆိုပါ ရုံးချိန်းတွင် ကျောင်းသားသုံးဦးအား ပုဒ်မ ၁၈ ဖြင့် စတင် တရားစွဲဆိုကြောင်း တရားသူကြီးက ပြောကြားခဲ့ပြီး ကျောင်းသားများက ၎င်းပုဒ်မနှင့် ပတ်သက်၍ မည့်သည့်တရားရုံးတွင်မဆို တရားရင်ဆိုင်မည်မဟုတ်ကြောင်း တရားသူကြီးအား တရားခွင်တွင် ပြောကြားခဲ့သည်။ တရားသူကြီးက တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး တရားလိုအား စစ်ဆေးရန် ရုံးချိန်းအား ဖေဖော်ဝါ ရီ ၂၅ ရက်သို့ ချိန်းဆိုခဲ့သည်။“ကျွန်တော်တို့ကို ၂၀၁၅ ခုနှစ် ဇွန် ၃၀ရက်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်အတွင်းက ထွက်သွားပေးရေး ဆန္ဒပြမှုနဲ့ အခုကျောက်တံတားမြို့နယ် တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ စပြီး တရားစွဲတယ်ပေါ့။ ကျွန်တော်တို့ကတော့ ပုဒ်မ ၁၈ ကို လွှတ်တော်မှာ စပြဋ္ဌာန်းကတည်းက ကန့်ကွက်ခဲ့တာပဲလေ။ ဒီအစိုးရရဲ့ လက်ထက်မှာ လုပ်ဆောင်ခဲ့တာတွေကို ပြန်သုံးသပ်ရင် ဒီမိုကရေစီ အစိုးရဆိုတာထက် အာဏာရှင် အငွေ့အသက် မကုန်သေးတဲ့ ပုံစံပဲလို့ မှတ်ချက်ပေးရမှာပဲ”ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနန်းလင်းက ပြောကြားသည်။တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့အပါအဝင် အဖွဲ့ဝင် ကျောင်းသားအချို့နှင့် ပြည်သူများပူးပေါင်းကာ၂၀၁၅ ခုနှစ် ဇွန် ၃၀ ရက်က သိမ်ကြီးဈေးရှေ့မှ မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့မရဲစခန်းတို့တွင် အမှုဖွင့်ခဲ့ပြီး လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅ (ခ) အမှုအား မြို့နယ်နှစ်ခုအတွက် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ စစ်ဆေးလျက်ရှိရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြို့နယ်တရားရုံးနှစ်ရုံးမှ ပုဒ်မ ၁၈ ဖြင့် စတင် တရားစွဲခဲ့ခြင်း ဖြစ်သည်။၂၀၁၆ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်က တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်အား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းထိပ်တွင် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြမှု ပြုလုပ်ခဲ့သည့်အတွက် ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။“ဒီနေ့ ကမာရွတ်မှာလည်း ပုဒ်မ ၁၈နဲ့ ဒုတိယအကြိမ် ရုံးထုတ်ခဲ့တယ်။ကျွန်တော့်အမှုတွဲ ထွန်းမင်းခန့်က ခွင့်တိုင်တယ်။ သူ့အမှုကိုတော့ သူ့ရှေ့နေက ကိုယ်စားစစ်ပေးပြီး တရားလိုကို စစ်ခဲ့တယ်။ ကျွန်တော်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး ရုံးကိုတော့ တက်တယ်။ တရားတော့ မရင်ဆိုင်ဘူး။ တုံ့ပြန်ခြင်း ဘာမှမလုပ်ဘူး။ ဒီအစိုးရဟာ သူစခဲ့တဲ့ဇာတ်လမ်းကို သူပြန်သိမ်းသင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဒီအမှုတွေကို နောက်အစိုးရလက်ထဲ လွှဲဖို့လုပ်နေတယ်ဆိုရင်တော့ သူတို့ရဲ့ အာဏာလွှဲပြောင်းမှုဟာ အာဏာလွှဲမှု မမြောက်ဘူးလို့ ကျွန်တော်ယူဆတယ်”ဟု တကသကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောကြားသည်။
မြို့နယ်တရားရုံးနှစ်ရုံးတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် တကသကျောင်းသားခေါင်းဆောင်သုံးဦးအား ပုဒ်မ ၁၈ ဖြင့် ကျောက်တံတားမြို့နယ် တရားရုံး၌ စတင်တရားစွဲဆို















