၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်
Published 1 June 2026

၂၀၂၆ နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်နီညို အခြေအနေသို့ ရောက်ရှိနိုင်ပြီး အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

 အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညို ဖြစ်ပေါ်နိုင်သော အခြေအနေများကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အားအနည်းငယ်ရှိသော အယ်လ်နီညို အခြေအနေသို့ ရောက်ရှိနေပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ဆိုသည်။

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent