၂၀၂၃ ခုနှစ်စက်တင်ဘာ ၂၈ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူ ၆၉၅ ဒသမ ၈ သန်း၊ ကိုဗစ်ကြောင့် သေဆုံးသူ ၆ ဒသမ ၉ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၄၁၂၆၂ ဦး၊ ကိုဗစ်ကြောင့် သေဆုံး ၁၉၄၉၅ ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားအများစုဟာ အသစ်ပြုပြင်မွမ်းမံထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံသင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက စက်တင်ဘာ ၁၂ရက်မှာ ပြောကြားခဲ့တယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာမှ အကြံပေးသူများက အသက်ခြောက်လနဲ့အထက်လူတိုင်းအတွက်အဆိုပါကာကွယ်ဆေးအသစ်ကိုထိုးနှံဖို့အကြံပြုထားပြီး အေဂျင်စီရဲ့ညွှန်ကြားရေးမှူးက အဖွဲ့ရဲ့အကြံပြုချက်ကို စက်တင်ဘာ ၁၂ ရက်မှာ အလျင်အမြန်လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ အဆိုပါကာကွယ်ဆေးကို ယခုသီတင်းပတ်မှစပြီး ထိုးနှံသင့်တဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါရဲ့ပြင်းထန်မှုဟာ လျော့နည်းသွားပေမဲ့ အမေရိကန်မှာ ကိုဗစ်ကြောင့်အပတ်စဉ်ဆေးရုံတက်ရောက်ကုသမှုခံယူသူထောင်ချီရှိပြီး သေဆုံးသူရာချီရှိပါတယ်။ နွေရာသီနှောင်းပိုင်းကတည်းကဆေးရုံတက်ရောက်ကုသမှုခံယူသူမြင့်တက်လာပေမဲ့ နောက်ဆုံးရရှိထားတဲ့ ကူးစက်မှုအချက်အလက်ဖော်ပြချက်အရရောဂါကူးစက်မှုဟာ နိုင်ငံတောင်ပိုင်းမှာ စတင်လျော့ကျလာဖွယ်ရှိတယ်ဆိုတယ်။
ယခင်ကာကွယ်ဆေးထိုးနှံခြင်းမှ ကိုယ်ခံအားရရှိခြင်းနဲ့ ကူးစက်မှုများဟာ အများအပြားမှာ လျော့နည်းသွားပေမဲ့ အသစ်ပြုပြင်မွမ်းမံထားတဲ့ ကာကွယ်ဆေးအသင်းဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လကကောက်ယူထားတဲ့စစ်တမ်းအရ လူပေါင်း ၄၂ ရာခိုင်နှုန်းခန့်ဟာ ကာကွယ်ဆေးသစ်ကို ကျိန်းသေ သို့မဟုတ် ထိုးနှံဖြစ်ဖွယ်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။ အရွယ်ရောက်ပြီးသူများရဲ့ ၂၈ ရာခိုင်နှုန်းခန့်သာပြီးခဲ့တဲ့နှစ်က ကမ်းလှမ်းခဲ့တဲ့ အသစ်ပြုပြင်မွမ်းမံထားတဲ့ ထပ်တိုးကာကွယ်ဆေးကို ထိုးနှံခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အစောပိုင်းက တုပ်ကွေးရာသီ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်ရောဂါနဲ ့နောက်ထပ်ဆောင်းရာသီ ကိုရိုနာဗိုင်းရပ်ကူးစက်မှုမြင့်တက်ခြင်း တို့နဲ့ဆေးရုံတွေမှာ ဝန်ပိတဲ့ဖြစ်စဉ်ကို တားဆီးကာကွယ်ရာမှာ အထောက်အကူဖြစ်စေဖို့အတွက် ဆရာဝန်များက လူအရေအတွက်လုံလုံလောက်လောက်ကာကွယ်ဆေးထိုးနှံထားကြဖို ့မျှော်လင့်နေကြပါတယ်။ အစားအစာနဲ ့ဆေးဝါးစီမံကွပ်ကဲရေးက ဖိုင်ဇာနဲ့မိုဒါနာတို့က အသစ်ပြုပြင်မွမ်းမံထားတဲ့ကာကွယ်ဆေးများကို အသက်ခြောက်လနဲ့ အသက်အရွယ်အားလုံးကို ထိုးနှံနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက်ငါးနှစ်မှစတင်ကာ လူအများစုအနေနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးတဲ့တိုင် တစ်လုံးတည်းသော ကာကွယ်ဆေးကို ထိုးနှံနိုင်တယ်လို့(FDA)ကဆိုပါတယ်။ ပိုမိုငယ်ရွယ်တဲ့ကလေးငယ်များအနေနဲ့ သူတို့ရဲ့ကိုဗစ်ကူးစက်မှုများနဲ့ ကာကွယ်ဆေးထိုးနှံထားတဲ့ရာဇဝင်ပေါ်မူတည်ကာ နောက်ထပ်ကာကွယ်ဆေးများထိုးနှံဖို့လိုအပ်ဖွယ်ရှိပါတယ်။ ကာကွယ်ဆေးထိုးနှံဖို့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့ လိုအပ်ပါတယ်လို့မန်ဆာချူးဆက်အထွေထွေဆေးရုံမှ ကူးစက်ရောဂါဆရာဝန် ဒေါက်တာတာမီကော့တွန်ကပြောကြားထားတယ်။
ကိုဗစ်ရောဂါဖြစ်စေတဲ့ ဆားကိုဗီတူး (SARS.COV2) ဗိုင်းရပ်က မကြာခဏ မျိုးဗီဇပြောင်းလဲတာကိုကြုံရပါတယ်။ ဒါကဗိုင်းရပ်တွေရဲ့ သဘာဝသဘောဖြစ်ပါတယ်။ ကိုဗစ်ဗီဇမျိုးကွဲတွေဖြစ်လာရတာက ကာကွယ်ဆေးမထိုးတာ၊ လက်ရှိကုသနေတဲ့ကုထုံးတွေကို မထိုးတာတွေဖြစ်တတ်ပါတယ်။
ကိုဗစ်မှာဗီဇမျိုးကွဲတွေအများကြီးရှိပေမဲ့ အကုန်လုံးစိုးရိမ်စရာမလိုပါဘူး။ WHO ကခွဲခြားပေးပါတယ်။ ကူးစက်နှုန်းများခြင်းမှာ ပိုးကဆိုးနေရင် သို့မဟုတ် လက္ခဏာပြတဲ့ပုံစံပြောင်းလာရင်စိတ်ဝင်စားမှုများက သူ့ရဲ့ဗီဇပြောင်းလဲပုံက ကူးစက်နှုန်းရောဂါပြင်းထန်နှုန်းခုခံအားကို ကျော်လွှားနိုင်စွမ်းကုထုံးတွေ၊ ရောဂါရှာဖွေနည်းတွေကို ထိခိုက်စေပါတယ်။
ထိန်းချုပ်မှုအောက်မျိုးကွဲများ - ဗိုင်းရပ်ရဲ့ဗီဇပြောင်းလဲပုံကနည်းနည်းအန္တရာယ်ပိုနိုင်ပါတယ်။ မျိုးကွဲတွေမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ အိုမီခရွန်နဲ့သူ့မျိုးကွဲအိတ်ဘီဘီဝမ်းပွိုင့်စစ်နဲ့ အီးဘီဖိုက်တို့ ပျံ့နှံ့ကူးစက်လျက်ရှိပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ် ၂၄ ရက်ဂျိုဟန်နက်စဘတ်များ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက်ဘရစ်(BRICS)အုပ်စု ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံသက်ရောက်ခဲ့ပြီးအစည်းအဝေးမှာ အာဂျင်တီးနား၊ အီရန်၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အီသီယိုပီးယားနဲ့ ယူအေအီးနိုင်ငံတို့ ၂၀၂၄ ဇန်နဝါရီမှာတရားဝင်အဖွဲ့ဝင်ဖြစ်တော့မယ်လို့ ကြေညာခဲ့တယ်။ မကြာမီဘရစ် (BRIseven) အုပ်စုဖြစ်လာတော့မယ်။ ဘရစ်အုပ်စုထိပ်သီးအစည်းအဝေးပြီးတဲ့နောက်မှာနိုင်ငံတကာမှစိတ်ဝင်ကစားဖြစ်နေတဲ့အကြောင်းကိစ္စဖြစ်လာတယ်။ အင်ဒိုနီးရှား ဘရစ်အုပ်စုထဲဝင်ရောက်ခြင်း၊ မရှိခဲ့တဲ့ကိစ္စဟာနိုင်ငံတကာမှာစိတ်ဝင်စားမှုမြင့်တက်လာတဲ့အကြောင်းဖြစ်လာပါတယ်။
အာဆီယံရဲ့အဓိကကျတဲ့အဖွဲ့ဝင်နိုင်ငံ၊ လူဦးရေအားကောင်းတဲ့အစ္စလာမ်စ်နိုင်ငံ၊ မကြာသေးခင်ကာလများ သိသာတဲ့စီးပွားရေးတိုးတက်မှုများနဲ့လူမှုရေးတည်ငြိမ်မှုများရှိခဲ့တဲ့ဘရစ်အုပ်စုထဲဝင်ရောက်ခြင်း၊ မရောက်ခြင်းဟာစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။အင်ဒိုနီးရှားသာ ဘရစ်အုပ်စုထဲဝင်ရောက်ခဲ့ရင်ဘရစ်အုပ်စုကြီးဟာကြီးမားတဲ့အပေါင်းလက္ခဏာသက်ရောက်မှုရှိနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဘရစ်အုပ်စုထဲဝင်ရောက်ခြင်းဖြစ်စေ သို့မဟုတ် မဝင်ရောက်ခြင်းဖြစ်တဲ့အထိလက်ရှိပထဝီနိုင်ငံရေးအရ ဘရစ်အုပ်စုဟာ သိသာထင်ရှားတဲ့သက်ရောက်မှုရှိတဲ့ အခြေအနေတစ်ခုဖြစ်တယ်လို့ သုတေသီအချို့က ယုံကြည်နေကြတယ်။
အင်ဒိုနီးရှားဟာ အမေရိကန်နိုင်ငံနဲ့ နီးနီးကပ်ကပ်ဆက်စပ်မှုရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဘရစ်အုပ်စု ထိပ်သီးအစည်အဝေးမှာ အင်ဒိုနီးရှားဟာ အမေရိကန်နဲ့ နက်နက်ရိုင်းရိုင်းထိတွေ့ဆက်ဆံမှုများလည်းရှိခဲ့ပြီး ဘရစ်အုပ်စုကိုဝင်ရောက်ရေးမှာလည်း မဖြစ်နိုင်ခဲ့ပါဘူး။
စက်တင်ဘာ ၄ ရက်ထုတ် ဂျာကာတာပို့စ်သတင်းစာမှာ အင်ဒိုနီးရှားပညာရှင်အဖွဲ့သိင်္ဂါယူစထရောထီဂျီ (Tenggaru strategics) ရဲ့ဆောင်းပါးထဲမှာ အင်ဒိုနီးရှားရဲ့ ဘရစ်အုပ်စုမှာမပါဝင်ခဲ့ရတဲ့ ဆုံးဖြတ်ချက်နောက်ကွယ်ရှိ အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာပြောထားတယ်။ ၁၆ ကြိမ်မြောက် ကမ္ဘာ့အကြီးဆုံးစီးပွါးရေးအဆောက်အအုံအင်ဒိုနီးရှားဟာ ဘရစ်အုပ်စုထဲဝင်ရောက်ဖို့ အရည်အချင်းပြည့်မီကြောင်း ဖော်ပြထားပါတယ်။ ကမ္ဘာ့စီးပွားရေးက အမေရိကန်ဒေါ်လာအပေါ်အလွန်အကျွံအားကိုးမှုကို လျှော့ချခြင်းအပါအဝင်ဘရစ်အုပ်စုဝင်များနဲ့ ဘုံရည်မှန်းချက်များစွာကို မျှဝေလုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုထားပါတယ်။
ပီကင်းအခြေစိုက်အန် ဘောင်း (ANBOUNS) သုတေသနအဖွဲ့မှ သုတေသီတို့က ဘရစ်အုပ်စုမှာပါဝင်ဖို့ အင်ဒိုနီးရှားဟာငြင်းဆိုတဲ့သဘောမဟုတ်လို့သုံးသပ်ပါတယ်။ အင်ဒိုနီးရှားဟာ ချမ်သာပြီးစီးပွားရေးအားကောင်းတဲ့နိုင်ငံများစုစည်းနေတဲ့အိုအီးစီဒီ(OECD)မှာပါဝင်ဖို့သိသားတဲ့စိတ်ဝင်စားမှုနဲ့မျှော်လင့်ချက်များကိုဖော်ပြထားတဲ့နိုင်ငံဖြစ်တယ်။ အင်ဒိုနီးရှားသုတေသနုအဖွဲ့၊ တင်ဂလာစထရာဏီဂျီ(Tenggora strategion)ခွဲခြမ်းစိတ်ဖြာချက်အရ အင်ဒိုနီးရှားဟာသူရဲ့ကိုယ်ပိုင်လမ်းကြောင်းကိုအခြားထွန်သစ်စနိုင်ငံများနဲ့မတူပဲကွဲပြားစွာပုံဖော်ကာရှိနေပါတယ်။ လက်ရှိအခြေအနေမှာ အနောက်ကမ္ဘာမှ ချမ်းသာကြွယ်ဝတဲ့ ၃၈ နိုင်ငံပါဝင်တဲ့အိုအီးစီဒီအဖွဲ့နဲ့ဆက်သွယ်လုပ်ဆောင်ခြင်းဟာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွါးရေးနဲ့အကောင်းဆုံးကိုက်ညီနေတယ်လို့တွက်ချက်ထားတယ်။အဖွဲ့ထဲဝင်ခွင့်ရရင်၊အင်ဒိုနီးရှားဟာဂျပန်နဲ့တောင်ကိုရီးယားပြီးရင်(OECD)ရဲ့တတိယမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာမှာဖြစ်တယ်။
အင်ဒိုနီးရှားရဲ့ရှုတောင့်ကကြည့်ရင် ဘရစ်အဖွဲ့ကိုဝင်ရောက်ရေးကိစ္စအပေါ် သိမ်မွေ့စွာငြင်းဆိုမှုသဘောဖြစ်တဲ့ ယင်းရဲ့သံတမန်ရေးရာဆုံးဖြတ်ချက်ဟာသူတို့ရဲ့အမျိုးသားအကျိုးစီးပွား၊ ပထဝီနိုင်ငံရေးမဟာဗျူဟာအဖွဲ့တို့နဲ့ကိုက်ညီတယ်လို့ ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအတွက်အဆက်မပြတ်အားထုတ်နေတဲ့ဒေသတွင်းစီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံအနေနဲ့ ပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်မှုအရှိန်မြင့်မားလာနေတဲ့ ယခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်များလုပ်ဆောင်ရာမှာ ဂရုတစိုက်အလေးထားသင့်ပါတယ်။ နိုင်ငံရဲ့ရေရှည်အမျိုးသားအကျိုးစီးပွားကိုဦးစားပေးဆောင်ရွက်ရမှာပဲဖြစ်ပါယ်။ ဘရစ်အုပ်စုမှာကျယ်ပြန့်စွာဩဇာလွှမ်းမိုးမှုကင်းခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအပေါ်မှာ အကန့်သတ်နဲ့သာ ဆွဲဆောင်နိုင်မှုရှိနေခြင်းတို့ဟာ အင်ဒိုနီးရှားတို့မဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချတာဖြစ်နိုင်ပါတယ်။
တရုတ်နိုင်ငံဟာ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာမညီမျှမှုများ အပါအဝင်စိန်ခေါ်မှုမျိုးစုံကို လောလောလတ်လတ်ရင်ဆိုင်နေရပါတယ်။ အလုပ်လုပ်နိုင်တဲ့လူဦးရေရှားပါးမှု၊ ကုန်ထုတ်စွမ်းအားကျဆင်းမှု၊ ပိတ်ဆို့အရေးယူမှုများကြောင့်နည်းပညာလွှဲပြောင်းမှုကန့်သတ်ချက်များ၊ အိမ်ခြံမြေကဏ္ဍပူဖောင်းပုံနဲ့လုပ်သားငယ်များကြားအလုပ်လက်မဲ့မြင့်မားမှု၊ အေအိုင်နည်းပညာထွန်းကားမှုတို့က တရုတ်နိုင်ငံရဲ့တိုးတက်မှုကိုနှောင့်နှေးစေပါတယ်။ တရုတ်အစိုးရရဲ့ရည်မှန်းချက်များကိုလှုပ်ခါမှုများဖြစ်လာနိုင်တယ်။ တရုတ်နိုင်ငံသားတစ်ဦးချင်းမှာလည်းကောင်း၊ မိသားစုများ မှာလည်းကောင်း၊ အိမ်ထောင်စုများမှာလည်းကောင်း မသေချာမရေရာမှုများနဲ့ကြုံတွေ့လာနိုင်တယ်။ အသုံးစရိတ်များကျဆင်းလာမှု၊ ဘဏ်မှအပ်နှံငွေများပိုမိုထားရှိလာမှုတို့ဟာ ပြည်တွင်းဝယ်လိုအားအကြီးအကျယ်ကျဆင်းကာ ဂျပန်နိုင်ငံစီးပွားရေးကျဆင်းသလို ဖြစ်လာနိုင်တယ်လို့ သုတေသီအချို့က သုံးသပ်နေကြတယ်။
ဂျပန်နဲ့တရုတ်နိုင်ငံတို့ရဲ့ဆက်ဆံရေးအခြေအနေမှာလည်း မတည်ငြိမ်၊နိုင်ငံရေး၊စီးပွားရေး၊အပူအအေးအခြေအနေများကြားမှာ နှစ်နိုင်ငံဆက်ဆံရေးဟာရိုလာကိုစတာစီးသလို သမိုင်းတစ်လျှောက်အတက်အကျများနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့စုစုပေါင်းကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်းခန့်ရှိတယ်။ ဂျပန်နိုင်ငံရဲ့သွင်းကုန်ပမာဏငါးပုံတစ်ပုံနီးပါးဟာလည်း တရုတ်နိုင်ငံမှ တင်သွင်းနေပါတယ်။ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းတဲ့ကုန်ပစ္စည်းအုပ်စုမှာ စက်ယန္တရားများဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံမှတင်သွင်းမှုရဲ့ ၄၁ ရာခိုင်နှုန်းဟာ အရင်းအနှီးကုန်စည်များဖြစ်ပါတယ်။
အဆိုပါအခြေအနေဟာ ဂျပန်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအခြေခံခိုင်မာတည်တံ့ရေးအတွက်လိုအပ်တဲ့ရောင်းလိုအားကွင်းဆက်တည်ရှိမှုမှာ တရုတ်နိုင်ငံဟာ အရေးပါတဲ့နိုင်ငံဖြစ်နေတာကို ဖော်ပြနေတယ်။ တရုတ်နိုင်ငံအပေါ် မှီခိုမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ဂျပန်နိုင်ငံဟာ ရှင်ဇိုအာဘေးရဲ့ အာဘေးနောမစ်အယူအဆကို အသုံးပြုလျက်ရှိပါတယ်။ တရုတ်နိုင်ငံနဲ့ အချိတ်အဆက်ဖြတ်တောက်ကာ အာဆီယံဒေသနဲ့ ဂျပန်ပြည်တွင်းကိုလမ်းကြောင်းပြောင်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ဖို့ ပြည်တွင်းထုတ်လုပ်သူများကို အားပေးချီးမြှောက်မှုများပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ကိုယ်ကျိုးရှာစီးပွားရေးမူဝါဒက အီးယူအပါအဝင် တရုတ်၊ ဂျပန်နဲ့ အာဆီယံနိုင်ငံများရဲ့ စီးပွားရေးကို အနည်းနဲ့အများ လှုပ်ခတ်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုရှိလာပါတယ်။ အမေရိကန်ရောင်းလိုအားကောင်းလာခဲ့ပါတယ်။