ဗီးနစ်ရုပ်ရှင်ပွဲတော် တက်ရောက်လာသူများက Ferrari ဇာတ်ကားကို မတ်တတ်ရပ်လျက် လက်ခုပ်သြဘာများပေးခဲ့

ဗီးနစ်ရုပ်ရှင်ပွဲတော် တက်ရောက်လာသူများက Ferrari ဇာတ်ကားကို မတ်တတ်ရပ်လျက် လက်ခုပ်သြဘာများပေးခဲ့
Photo: UPI
Photo: UPI
Published 6 September 2023

မကြာသေးမီက ကျင်းပခဲ့သည့် အကြိမ် ၈၀ မြောက် ဗီးနစ်ရုပ်ရှင်ပွဲတော်တွင် အမေရိကန်မင်းသား အဒမ်ဒရိုက်ဘာ သရုပ်ဆောင်ထားသည့် Ferrari ဇာတ်ကားကို မိတ်ဆက်ပြသခဲ့ရာ ပွဲတော်တက်ရောက်လာသူများက ခြောက်မိနစ်ကြာ မတ်တတ်ရပ်လျက် လက်ခုပ်သြဘာများဖြင့် အားပေးခဲ့ကြသည်။

ပြိုင်ကားမောင်းသူ အန်ဇိုဖရာရီအဖြစ် အဒမ်က သရုပ်ဆောင်ပြီး  နာမည်ကျော်ပြိုင် ကားမောင်းသူတစ်ဦး၏ ဘဝဇာတ်ကြောင်းကို အမေရိကန်ဒါရိုက်တာ မိုက်ကယ်မန်းက ပုံဖော်ရိုက်ကူးထားသည်။

Ferrari ကို ဒီဇင်ဘာ ၂၅ ရက်မှ စတင်ရုံတင်ပြသမည်ဖြစ်သည်။ဖော်မြူလာဝမ်းပြိုင် ကားမောင်းသူဟောင်း၊ ဖရာရီကုမ္ပဏီတည် ထောင်သူ အန်ဇိုဖရာရီ၏ လက်တွေ့ဘဝ၊ သူနှင့်သူ့ဇနီး အောက်ခြေဘဝမှ ထူထောင်လာ သည့်စက်ရုံ ဒေဝါလီခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်ရ၊ သားဖြစ်သူဒီနိုကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်ထောင်ရေးအဆင်မပြေဖြစ်လာပုံများကို ဇာတ်ကားထဲတွင် ကြည့်ရှုရမည်။

အလားတူ အမ်မာစတုန်း၏ Poor Things ဇာတ်ကားကလည်း ပွဲတော်တွင် မတ် တတ်ရပ်လက်ခုပ်သြဘာပေးမှုများ ရခဲ့သည်။

Most Read

Most Recent