ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲကျန်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 April 2023

ဝက်စ်ဟမ်း - နယူးကာဆယ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

တန်းဆင်းဇုန်မှာ အမှတ်တွေက သိပ်မကွာတော့ ဝက်စ် ဟမ်းက တန်းဆင်းဇုန်ပြိုင်ဘက် ဆောက်သမ်တန်ကို တစ်ပွဲနိုင် လိုက်တာ အဆင့် (၁၄)အထိ တက်သွားတယ်။ ဒါပေမဲ့ ဒီရပ် တည်မှုကလည်း စိတ်မချရဘူး။ ရလဒ်ဆိုးရင် ဆိုးသလို ပြန် ထိုးကျသွားနိုင်တယ်။ နယူးကာဆယ်ကတော့ ချန်ပီယံလိဂ် ဝင် ခွင့်အိပ်မက်အတွက် ကစားနေတဲ့အသင်းပါ။ လက်ရှိ ခြေစွမ်း အရလည်း ဝက်စ်ဟမ်းထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ သရေ လောက်နဲ့ အဆုံးသတ်မယ်ထင်တယ်။ 

မန်ယူ - ဘရန့်ဖို့ဒ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မန်ချက်စတာယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ နယူကာဆယ်နဲ့ပွဲမတိုင်ခင်အထိ ရမှတ် (၅၀)ရထားပြီး ချန် ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းအခက်အခဲမရှိပါဘူး။ ဘရန့် ဖို့ဒ်အသင်းကတော့ မန်ချက်စတာယူနိုက်တက်ထက် (၂)ပွဲ ပိုကစားထားတယ်။ ရမှတ်က (၄၃)မှတ်ရထားတယ်။ အဆင့် (၇)နေရာမှာ ရှိတယ်။ အသင်းနှစ်သင်းရဲ့ လူအင်အား၊ အရှိန် အဝါ၊ အဆင့်အတန်း ကွာခြားတာ ငြင်လို့မရပေမဲ့ ဒီရာသီ ရလဒ်အနေအထားနဲ့ပဲ ကြည့်မယ်ဆိုရင် ဘရန့်ဖို့ဒ်က မန်ယူ ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့အသင်းမျိုးဖြစ်တယ်။ ပထ မအကျော့တုန်းက တန်ဟက်ဂ် တာဝန်ယူခါစ မန်ယူအသင်း ကို သောမတ်စ်ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်က (၄-ဝ) နဲ့ အပြတ်အသတ် အနိုင်ယူခဲ့တာလည်း တွေ့ရတယ်။ တစ်ရာသီလုံးအနေနဲ့ ကြည့်မယ်ဆိုရင် ခံစစ်ပိုင်းမှာ မန်ယူရဲ့ ပေးဂိုးက (၂)ဂိုး ပိုနည်း ပေမဲ့ တိုက်စစ်ပိုင်းမှာတော့ ဘရန့်ဖို့ဒ်ကတောင် (၅)ဂိုးပိုသွင်း ထားတာတွေ့ရတယ်။ မန်ယူအသင်းထက် ဂိုးသွင်းနှုန်း ပို ကောင်းသလို၊ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း ဘရိုက်တန် အသင်းရဲ့ကွင်းမှာ (၃-၃) ဂိုးစီ သရေကစားနိုင်ခဲ့တယ်။ စာ ရွက်ပေါ်က လူစာရင်းကိုသာ ကြည့်စဉ်းစားရင် ဘရန့်ဖို့ဒ်က ဒီအဆင့်မှာတောင် ရပ်တည်စရာမရှိဘူး။ ဒါပေမဲ့ ဒီထက်အ များကြီးပိုပြီး ဘောလုံးအသင်းပီသတဲ့အသင်းကောင်းပါ။ မန် ယူအသင်း နိုင်ပွဲကို ခက်ခက်ခဲခဲ ရှာဖွေရလိမ့်မယ်။ 

 

Most Read

Most Recent