အသင်းဖော်ဟောင်း၏ ဒူးဒဏ်ရာခွဲစိတ်မှုအတွက် အာဆင်နယ်ဂိုးသမားရမ်းစ်ဒေးလ် ငွေလှူဒါန်း
Photo: Getty Images
အာဆင်နယ်အသင်း၏ ဂိုးသမား ရမ်းစ်ဒေးလ်သည် အသင်းဖော်ဟောင်း ဒီမာအီယို၏ ဒူးဒဏ်ရာခွဲစိတ်မှုအတွက် ငွေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီမာအီယိုသည် ရှက်ဖီးယူနိုက်တက်နှင့် ချက်စတာဖီးလ်အသင်းတို့တွင် ရမ်းစ်ဒေးလ်နှင့် အတူကစားခဲ့ဖူးသူဖြစ်ပြီး ၎င်း၏ ဒူးဒဏ်ရာခွဲစိတ်မှုအတွက် ကုန်ကျငွေကို မတတ်နိုင်သဖြင့် အလှူခံခဲ့ခြင်းဖြစ်သည်။
ရမ်းစ်ဒေးလ်ထံမှ အလှူငွေ ရရှိသည့်အတွက် မယုံနိုင်အောင်ဖြစ်မိသည်ဟု ဒီမာအီယိုက ဆိုခဲ့သည်။















