ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃၇) ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 15 May 2026

အက်စတွန်ဗီလာ - လီဗာပူးလ် (မေ ၁၆ ရက်နေ့ နံနက် ၁း၃၀ နာရီ)

လာမယ့်တစ်ပတ်မှာ ဗီလာအသင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်လို့ အခုပွဲကို သောကြာနေ့မှာပဲ ကြိုတင်ကစားတာဖြစ်တယ်။ ဗီလာအသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲရင် ဆုဖလားအောင်မြင်မှုအပြင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာပါရရှိမှာဖြစ်လို့ အဲဒီပွဲကို ပိုပြီးအာရုံရောက်နေလိမ့်မယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်နှစ်ကျော့ မတိုင်ခင်နဲ့ အပြီးမှာ ပရီးမီးယားလိဂ်သုံးပွဲဆက် နိုင်ပွဲပျောက်ထားတာကိုကြည့်ရင် အဲဒီအချက်က ပိုပြီးသေချာစေပါတယ်။ လီဗာပူးလ်ကလည်း နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲကျပ် နှစ်ပွဲစလုံး အနိုင်မရဘဲ ချယ်လ်ဆီးနဲ့ သရေ၊ မန်ယူကို ရှုံးနိမ့်ထားတယ်။ ဒါပေမဲ့ လက်ကျန်နှစ်ပွဲမှာ တစ်ပွဲအနိုင်ရရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားမှာဖြစ်လို့ ဖိအားတော့မရှိပါဘူး။ ဗီလာကွင်းဖြစ်ပေမဲ့ အဓိက ကစားသမားတချို့ အနားပေးထားနိုင်လို့ လီဗာပူးလ်ကို ပိုကြိုက်တယ်။ (၁-၂) လောက် ဖြစ်နိုင်တယ်။

Most Read

Most Recent