Facebook ပေါ်တွင် ရုပ်ရှင်ဇာတ်ကား Live လွှင့် ပြသခဲ့သည့် အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

Facebook ပေါ်တွင် ရုပ်ရှင်ဇာတ်ကား Live လွှင့် ပြသခဲ့သည့် အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
Published 27 January 2018

Facebook  ပေါ်တွင်  ရုပ်ရှင်ဇာတ်ကား Lvie လွှင့်ခဲ့သည့် အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့ နယ် (၃) ရပ်ကွက်နေ ဦးရန်နိုင်ထွန်း(၄၆ နှစ်) မန်နေဂျာ (အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေး) ဖြစ်သူအား ရုပ်ရှင်ဖြန့်ချိရေးတာဝန်ခံ ကိုသန်းဦးက ဖုန်းဆက်၍ ရွှေဗဟိုရုပ်ရှင်ရုံ၌ ပြသနေသည့် ၎င်းတို့ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးပြသခဲ့သော 'ကြီးလေးကြီး' ရုပ်ရှင်ဇာတ်ကားအား Facebook ပေါ်တွင်  Wai Linn Aung အကောင့်က ခွင့်ပြုချက်မရှိဘဲ Live လွှင့်ပြသနေကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

ထိုသို့သိရသဖြင့် Facebook အား ဖွင့်ကြည့်ခဲ့ရာ Wai Linn Aung အကောင့်၌ ၎င်းတို့ကုမ္ပဏီမှ  ထုတ်လုပ်ရိုက်ကူးခဲ့သော 'ကြီးလေးကြီး' ရုပ်ရှင်ဇာတ်ကားကို Live လွှင့် ပြသနေကြောင်း တွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီ၏အကျိုးစီးပွားပျက်စီးအောင် ပြုလုပ်သူ  Wai Linn Aung အကောင့် (စိစစ်ဆဲ) ပိုင်ရှင်အား အရေးယူပေးရန် တာမွေမြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် အမှုဖွင့်အရေးယူ ထားခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကြီးလေးကြီး ရုပ်ရှင်ဇာတ်ကားမှာ ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ မြန်မာနိုင်ငံလုံးရှိ အဆင်ြ့မင့်ရုပ်ရှင်ရုံကြီးများတွင် တစ်ပြိုင်နက် ပြသနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent