လက်ရှိရာသီတွင် ဗီရိုနာအသင်းနှင့်အတူ ခြေစွမ်းပြနေသည့် သားဖြစ်သူဂျီယိုဗန်နီဆီမြွန်နီကို ခေါ်ယူရန် အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီ စီစဉ်နေကြောင်း သိရသည်။
ဂျီယိုဗန်နီဆီမြွန်နီသည် လက်ရှိရာသီတွင် စီးရီးအေသွင်းဂိုး (၁၅)ဂိုးသွင်းယူထားပြီး အီမိုဘီလီ၊ ဗလာဟိုဗစ်တို့၏နောက် တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။
ဂျီယိုဗန်နီဆီမြွန်နီကို ခေါ်ယူရန် အက်သလက်တီကိုအသင်းအပြင် ဆီဗီလာ၊ မာဆေးလ်နှင့် နယူးကာဆယ်အသင်းတို့လည်း စိတ်ဝင်စားနေကြောင်း သိရသည်။