ဗာနာအတွက် ကမ်းလှမ်းမှုများကို လက်ခံရန် ချယ်လ်ဆီး ပြင်ဆင်

ဗာနာအတွက် ကမ်းလှမ်းမှုများကို လက်ခံရန် ချယ်လ်ဆီး ပြင်ဆင်
Photo: Getty Images
Photo: Getty Images
Published 3 March 2022

ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး ဗာနာအတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားရန် ပြင်ဆင်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

ဗာနာ(၂၅ နှစ်)သည် ၂၀၂၀ နွေရာသီတွင် လိုက်ပ်ဇစ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင် (၄၇.၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး ချယ်လ်ဆီးအသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။

လက်ရှိတွင် ဗာနာကို ခေါ်ယူရန် ဒေါ့မွန်အသင်းက စောင့်ကြည့်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပြီး ချယ်လ်ဆီးအသင်းက ၎င်းအတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားရန် အသင့်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent